ဒေးဗစ်ဆေးလ်ဗားနှင့် မိုရက်တာတို့၏ ဒဏ်ရာအခြေအနေကို စပိန်နည်းပြ အတိအကျမသိရသေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
473595626
ဒေးဗစ်ဆေးလ်ဗားကို ဒဏ်ရာရရှိစေခဲ့သည့် လူဇင်ဘတ်ကစားသမား၏ဖျက်ထုတ်မှု

စပိန်နည်းပြ ဒယ်လ်ဘော့စကေးက လူဇင်ဘတ်ကို အနိုင်ရခဲ့သည့် ယူရိုခြေစစ်ပွဲတွင် စပိန်အဓိက ကစားသမား ၂ ဦးဖြစ်သည့် ဒေးဗစ်ဆေးလ်ဗားနှင့် မိုရက်တာတို့ ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာအခြေအနေအား အတိအကျမသိရသေးဟု ဖွင့်ဟလိုက်သည်။

မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားမှာ ပွဲချိန် ၁၁ မိနစ်တွင် တစ်ဖက်ကစားသမား၏ ကြမ်းတမ်းသောဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိသွားကာ လူစားလဲခဲ့ရပြီး မိုရက်တာမှာလည်း ထမ်းစင်ဖြင့် ကွင်းပြင်သို့ သယ်ထုတ်သွားရသည်။

သို့သော် ပွဲအပြီးတွင် စပိန်နည်းပြက”သူတို့ ဒဏ်ရာအခြေအနေအကြောင်း ကျွန်တော်မသိပါဘူး။ အသင်းဆရာဝန်တွေက တစ်ခုခုသေချာသိရတာနဲ့ အားလုံးသိအောင် ကြေညာပါလိမ့်မယ်။ လောလောဆယ် ဘာမှမသိရသေးပါဘူး”ဟု ဆိုသည်။

comments

error: Content is protected !!