ခြေစစ်ပွဲအောင်မြင်ပြီးနောက် ရော်နယ်ဒိုအား လက်ရွေးစင်အသင်းမှ ပြန်ခွင့်ပေးခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491521640
CR7 FW15 Collection အခမ်းအနားတွင်တွေ့ရသည့် ရော်နယ်ဒို

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်သည် ယူရို-၂၀၁၆ ခြေစစ်ပွဲအောင်မြင်ပြီးနောက် အဓိကတိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုအား အသင်းမှပြန်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ပေါ်တူဂီမှာ တနင်္ဂနွေနေ့တွင် ဆားဘီးယားနှင့် ယူရိုခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ကြာသပတေးနေ့က ကစားခဲ့သည့် ဒိန်းမတ်နှင့်ပွဲတွင် ၁-၀ ဖြင့် အနိုင်ရခဲ့ပြီးနောက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဖာနန်ဒိုဆန်းတို့စ်က ရော်နယ်ဒို၊ တီယာဂိုနှင့် ကာဗယ်ဟိုတို့အား အသင်းမှပြန်ခွင့်ပြုခဲ့ကာ အနားယူခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ပွဲမှာနိုင်ရင် နောက်တစ်ပွဲအတွက် အပြောင်းအလဲလုပ်မယ်လို့ တွေးခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ တချို့ကစားသမားတွေလည်း ပင်ပန်းနေပါပြီ။ တခြားကစားသမားတွေကိုလည်း စမ်းသပ်ချင်တဲ့အတွက် ရော်နယ်ဒို၊ တီယာဂိုနဲ့ ကာဗယ်ဟိုတို့ကို အသင်းကနေ ပြန်ခွင့်ပြုလိုက်ပါတယ်”ဟု ဖာနန်ဒိုဆန်းတို့စ်က ဒိန်းမတ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုမှာ လက်ရွေးစင်အသင်းမှ ပြန်ခွင့်ပြုလိုက်ပြီးနောက် မော်ရိုကိုသို့သွားရောက်ကာ သူငယ်ချင်းများနှင့်အတူ အနားယူနေကြောင်း သိရှိရသည့်အပြင် ၎င်း၏အင်စတာဂရမ်အကောင့်တွင်လည်း မော်ရိုကိုမှ သူငယ်ချင်းများနှင့် ဓာတ်ပုံများ တင်ထားခဲ့သည်။

comments

error: Content is protected !!