မက်ဒရစ်ဒါဘီအပြီး မှတ်ချက်စကားအတွက် ရာမို့စ်ကို ဘင်နီတက်ဇ်ဖြေရှင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488896064
မက်ဒရစ်ဒါဘီတွင် ရာမို့စ်ကိုကျော်ဖြတ်ပြီး အက်သလက်တီကိုက ချေပဂိုးသွင်းယူနေစဉ်

မက်ဒရစ်ဒါဘီပွဲအပြီးတွင် နောက်ခံလူရာမို့စ်အားပြောကြားခဲ့သည့် မှတ်ချက်များနှင့်ပတ်သက်ပြီး ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ရာမို့စ်အား ဖုန်းခေါ်ဆိုကာ ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရှိရသည်။

ထိုပွဲတွင် ရာမို့စ်၏လူပေးမှားမှုမှတစ်ဆင့် အက်သလက်တီကိုအသင်း ဘောလုံးရသွားပြီး ထိုဘောလုံးအား လိုက်လံတားဆီးရာတွင် ကြမ်းတမ်းခဲ့သည့်အတွက် ပင်နယ်တီပေးလိုက်ရခြင်းအပေါ် ဘင်နီတက်ဇ်က ပွဲအပြီးတွင် ဝေဖန်ခဲ့သည်။

ထိုအဖြစ်နှင့်ပတ်သက်ပြီး ဘင်နီတက်ဇ်က “ကျွန်တော်စိတ်အပျက်ဆုံးက မဖြစ်သင့်ဘဲဖြစ်ခဲ့တဲ့ ရာမို့စ်ရဲ့အမှားပါ” ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ထိုဝေဖန်မှုအား ၂ ရက်အကြာတွင် စပိန်လက်ရွေးစင်အသင်း လေ့ကျင့်ရေးကွင်းသို့ရောက်ရှိနေသော ရာမို့စ်က “ကျွန်တော့်အမှားပဲ ပြောရမှာလား။ ပွဲချိန်အတွင်း လူစားလဲတဲ့အကြောင်းတွေရော ပြောလို့မရဘူးလား။ ကစားသမားပဲဖြစ်ဖြစ် နည်းပြပဲဖြစ်ဖြစ် အမှားကို သင်ခန်းစာယူရမှာပဲ”ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ထိုကဲ့သို့ပြောကြားခြင်းမှာ ဘင်နီတက်ဇ်က ဒုတိယပိုင်းတွင် အဓိကတိုက်စစ်မှူးဘန်ဇီမာအား လူစားလဲခဲ့ခြင်းအား ရည်ရွယ်ခြင်းဖြစ်၍ ဘင်နီတက်ဇ်သည် ရာမို့စ်အား ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဖုန်းခေါ်ဆိုကာ ၎င်း၏မှတ်ချက်စကားသည် ထိခိုက်စေလိုသည့်ရည်ရွယ်ချက် မပါဝင်ဘဲ မေးခွန်းတစ်ခုကို ပြန်လည်ဖြေကြားခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်ဟု သိရှိရသည်။

ရီးရဲလ်သို့ နည်းပြအဖြစ် ဘင်နီတက်ဇ်ရောက်ရှိလာပြီးနောက် တိုက်စစ်မှူးဘန်ဇီမာက ယခုရာသီ ၈ ပွဲတွင် ၆ ပွဲသာ ပွဲထွက်ခွင့်ရခြင်းအား မပျော်ရွှင်ဟု ပြောကြားထားပြီး ရာသီအစတွင်လည်း ဘင်နီတက်ဇ်မှာ ရော်နယ်ဒိုနှင့် အဆင်မပြေဖြစ်ခဲ့သည်။

comments

error: Content is protected !!