နည်းပြရာထူးလက်ခံပြီး နောက်တစ်ရက်တွင် လီဗာပူးအကယ်ဒမီသို့ ယာဂင်ကလော့ပ်သွားရောက်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491521640
အကယ်ဒမီဒါရိုက်တာ(၀ဲ)နှင့်အတူတွေ့ရသည့် ယာဂင်ကလော့ပ်

လီဗာပူးနည်းပြသစ် ယာဂင်ကလော့ပ်မှာ နည်းပြရာထူးလက်ခံပြီး နောက်တစ်ရက်ဖြစ်သည့် ယနေ့မနက်ပိုင်းက လီဗာပူးအကယ်ဒမီသို့ သွားရောက်ကာ လီဗာပူး-၁၈ အသင်းနှင့် စတုတ်စီးတီး ယူ-၁၈ အသင်း ယှဉ်ပြိုင်ကစားသည်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ကလော့ပ်သည် ထိုပွဲစဉ်ကို လီဗာပူးအကယ်ဒမီဒါရိုက်တာ၊ ယူ-၂၁ နည်းပြတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်တွင် လီဗာပူးလူငယ်အသင်းမှာ စတုတ်စီးတီးလူငယ်အသင်းကို ၁-၀ ဖြင့် အနိုင်ရခဲ့သဖြင့် လီဗာပူးကို ကလော့ပ်တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ပွဲဟု သတ်မှတ်ရမည်ဖြစ်သည်ဟု ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ကလော့ပ်သည် ထိုလေ့လာရေးခရီးတွင် အကယ်ဒမီဂိုးနည်းပြနှင့်အတူ ၎င်း၏မိုဘိုင်းဖုန်းကိုကြည့်ကာ ရယ်မောပျော်ရွှင်နေခဲ့သည်။

လီဗာပူးအကယ်ဒမီသို့ ကလော့ပ်၏လက်ထောက်နည်းပြဖြစ်သူ ပီတာကရာဝစ်ဇ်လည်း လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

comments

error: Content is protected !!