လူငယ်အသင်းနည်းပြတစ်ဦးဖြစ်သော်လည်း သားဖြစ်သူ အန်ဇိုအား အထူးအခွင့်အရေးမပေးဟု ဇီဒန်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491301494
ယမန်နှစ် လူငယ်ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် အန်ဇို

ရီးရဲလ်(ခ)အသင်းနည်းပြ ဇီဒန်းက လူငယ်အသင်းနည်းပြတစ်ဦးဖြစ်သော်လည်း သားကြီးဖြစ်သူ အန်ဇိုအား အသင်း၌ အထူးအခွင့်အရေးမပေးကြောင်း၊ လေ့ကျင့်ရေးကွင်းတွင် စွမ်းဆောင်ရည်ကောင်းမွန်မှသာ ပွဲထွက်ကစားခွင့်ပေးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ပြင်သစ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဇီဒန်းမှာ ကစားသမားဘ၀တွင် အောင်မြင်မှုများရရှိခဲ့သည့် ရီးရဲလ်အသင်း၏ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၎င်း၏ သား ၄ ယောက်မှာလည်း ရီးရဲလ်အကယ်ဒမီတွင် လူငယ်ကစားသမားများအဖြစ် ကစားလျက်ရှိသည်။

ယင်းတို့အနက် အသက် ၂၀ အရွယ်ရှိ အကြီးဆုံးသားဖြစ်သူ အန်ဇိုသည် ဇီဒန်းကိုင်တွယ်နေသည့် ရီးရဲလ်(ခ)အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားလျက်ရှိသည်။

”အန်ဇိုအနေနဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်နေသလို နည်းပြရဲ့သားတစ်ယောက်ဖြစ်နေတဲ့အတွက် အထူးအခွင့်အရေး မရပါဘူး။ နည်းပြရဲ့သားဖြစ်တဲ့အတွက် လူငယ်ကစားသမားဘ၀ကို လွယ်ကူစွာဖြတ်သန်းနေရတယ်လို့ သုံးသပ်နေကြပေမယ့် သူဟာ အသင်းသားတစ်ယောက်ပါပဲ။ အိမ်ပြန်ရောက်ရင်တော့ မိသားစုရဲ့ သားကြီးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ တစ်ခါတစ်ရံ ပွဲထွက်လူစာရင်းရွေးချယ်တဲ့အခါ နည်းပြရဲ့သားဖြစ်နေတဲ့အတွက် အခက်အခဲတချို့တော့ရှိပါတယ်” ဟု ဇီဒန်းက ဆိုသည်။

comments

error: Content is protected !!