ချန်ပီယံအသင်းစာရင်းတွင် ချဲလ်ဆီးအသင်းပါဝင်နေဆဲဖြစ်ကြောင်း အာဆင်နယ်ဂိုးသမားပီတာချက် သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491301494
မန်ယူကို အနိုင်ရအပြီးတွေ့ရသည့် ပီတာချက်

အာဆင်နယ်ဂိုးသမားပီတာချက်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းအနေဖြင့် ရလဒ်များဆိုးရွားနေသော်လည်း ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း၊ နည်းပြမော်ရင်ဟိုအနေဖြင့် ချန်ပီယံဆုကာကွယ်နိုင်ရေးအတွက် အသင်းကိုလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ပွဲစဉ် ၈ ပွဲကစားပြီးချိန်၌ နိုင်ပွဲ ၂ ပွဲရရှိထားခဲ့ပြီး ရှုံးပွဲ ၄ ပွဲအထိရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယား အဆင့် ၁၆ အထိ ကျဆင်းခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးဘောလုံးရာသီကို ဖြတ်သန်းနေရသည်။

“ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းရဲ့ ရာသီအစခြေစွမ်း၊ ရလဒ်တွေက တကယ်ကိုအံအားသင့်စရာပါ။ ဒါပေမဲ့ လက်ရှိချန်ပီယံအသင်းတစ်သင်းအနေနဲ့ ချန်ပီယံလောင်းစာရင်းမှာ ပါဝင်နေဆဲပါပဲ။ နည်းပြမော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်လည်ဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ချန်ပီယံလောင်းစာရင်းမှာ အာဆင်နယ်အသင်းပါဝင်နေတဲ့အတွက် ကျေနပ်မိသလို ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုကို ပရိသတ်တွေအတွက်ရယူပေးဖို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ”ဟု ပီတာချက်က ပြောကြားခဲ့သည်။

comments

error: Content is protected !!