ဘော့စနီးယားနှင့်ပွဲတွင် ဝေးလ်အတွက် ဂါရတ်ဘေးလ် ပွဲထွက်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
473595626
အစ္စရေးနှင့်ကစားခဲ့သည့်ခြေစစ်ပွဲတွင် ဂါရတ်ဘေးလ်အားတွေ့ရစဉ်

ရီးရဲလ်ကစားသမား ဂါရတ်ဘေးလ်သည် ယူရို-၂၀၁၆ ခြေစစ်ပွဲအဖြစ် ဘော့စနီးယားနှင့်ကစားရမည့် ဝေးလ်အသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်မည်ဟု ဝေးလ်နည်းပြခရစ္စကိုးလ်မန်းက အတည်ပြုလိုက်သည်။

ဘေးလ်သည် စက်တင်ဘာလအတွင်းက ဒဏ်ရာရရှိခဲ့ပြီးနောက် အနားယူခဲ့ရပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော မက်ဒရစ်ဒါဘီတွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့သည်။

ဝေးလ်အသင်းမှာ ယူရို-၂၀၁၆ ခြေစစ်ပွဲအောင်မြင်ရန် ဘော့စနီးယားနှင့် အိမ်ကွင်းပွဲ သို့မဟုတ် အန်ဒိုရာနှင့် အဝေးကွင်းပွဲ၌ ရမှတ် ၁ မှတ် ရယူရန်သာ လိုအပ်တော့သည်။

ဝေးလ်နည်းပြကိုးလ်မန်းက”ကစားသမားတွေကို ကျွန်တော်တို့ မစွန့်စားခိုင်းပါဘူး။ ဘေးလ်က ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှုပြည့်တယ်။ သူ့အကြောင်းကတော့ အမြဲတမ်းရေပန်းစားတယ်။ ကစားသမားကောင်းဖြစ်ရင်တော့ အခုလိုကြုံရမှာပါပဲ။ ကျွန်တော်တို့အတွက် သွင်းဂိုးအများစုက သူရယူပေးတာပါ။ ဒါပေမဲ့ နောက်တန်းကလည်း ၂ ဂိုးပဲ ပေးထားရပါတယ်။ သူနာမည်ကြီးတာက သူ့အမှားမဟုတ်ဘူး။ သူက အသင်းအတွက် ဦးစားပေးတယ်။ သူ့ကို ပြန်ကစားခွင့်ပေးနိုင်တာ ကံကောင်းတာပါပဲ။ ဒီနေ့ပွဲမှာ သူဂိုးသွင်းနိုင်ရင် နာမည်ထပ်ကြီးဦးမှာပဲ”ဟု ပြောကြားခဲ့သည်။

ဝေးလ်မှာ ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်း အဓိကပြိုင်ပွဲကြီးများတွင် ခြေစစ်ပွဲမအောင်မြင်ခဲ့သော်လည်း ယူရို-၂၀၁၆ ခြေစစ်ပွဲတစ်လျှောက် အစွမ်းပြခဲ့ပြီး ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခွင့်ရရန် ၁ မှတ်သာ လိုအပ်တော့သည်။

comments

error: Content is protected !!