ဆမ်အလာဒွိုက်စ်အား ၂ နှစ်စာချုပ်ဖြင့် ဆန်းဒါးလန်းက နည်းပြခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
473595626
အလာဒွိုက်စ်၏ ကွင်းတွင်းအောင်ပွဲခံဟန်

ဆန်းဒါးလန်းအသင်းသည် ဆမ်အလာဒွိုက်စ်အား ၂ နှစ်သက်တမ်းရှိစာချုပ်ဖြင့် နည်းပြခန့်အပ်လိုက်ကြောင်း သိရှိရသည်။

ယခုရာသီအဖွင့် ပရီးမီယားလိဂ် ပွဲစဉ် ၈ ပွဲတွင် နိုင်ပွဲမရှိဘဲ အမှတ်ပေးဇယားကြမ်းခင်းသို့ ရောက်နေခဲ့သည့် ဆန်းဒါးလန်းနည်းပြ အက်ဗိုကက်မှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က နုတ်ထွက်သွားခဲ့သည်။

ထို့ကြောင့် ဆန်းဒါးလန်းသည် ပြီးခဲ့သည့်ရာသီအပြီး ၀က်စ်ဟမ်းနည်းပြရာထူးမှ ထွက်ခွာသွားသော အလာဒွိုက်စ်အား လစ်လပ်နေသော နည်းပြရာထူးတွင် ခေါ်ယူခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“ဒီရာထူးက စိန်ခေါ်မှုတွေရှိတဲ့နေရာပါ။ ဒါပေမဲ့ အားလုံးလိုချင်တဲ့ တည်ငြိမ်မှုနဲ့ အောင်မြင်မှု ရယူပေးနိုင်မယ်ထင်ပါတယ်။ ကစားသမားတွေနဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့်ရချင်နေပါတယ်။ ဆန်းဒါးလန်းပရိသတ်တွေကိုလည်း အားကိုးသွားမှာပါ”ဟု ပရီးမီးယားလိဂ်ဝါရင့်နည်းပြ အလာဒွိုက်စ်က ဆိုသည်။

အလာဒွိုက်စ်မှာ ၁၉၈၀ မှ ၈၁ ခုနှစ်အထိ ဆန်းဒါးလန်းတွင် ကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးပြီး ဆန်းဒါးလန်းနှင့် ပြိုင်ဘက်နယူးကာဆယ်အသင်းတို့ကို နည်းပြဖူးသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။

comments

error: Content is protected !!