ဗန်ဟားလ်နှင့်အဆင်မပြေသော ဂိုးသမားဗဲလ်ဒက်စ် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
469152236
ပြီးခဲ့သည့်ရာသီက မန်ယူလေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဗဲလ်ဒက်စ်

မန်ယူအသင်းဂိုးသမားဗစ်တာဗဲလ်ဒက်စ်မှာ အသင်းအ၀တ်လဲခန်းအတွင်း အ၀တ်ဗီရိုသုံးစွဲခွင့်မရခြင်းအပါအ၀င် အသင်းလိုက်ပုံများတွင်လည်း ဖယ်ရှားခြင်းခံထားရကြောင်း သိရှိရသည့်အပြင် ယူ-၂၁အသင်း သို့မဟုတ် လူငယ်အသင်းကစားသမားများနှင့် လေ့ကျင့်ခန်းဆင်းနေရသည်ဟု သိရှိရသည်။

မန်ယူအသင်းနည်းပြဗန်ဟားလ်မှာ ဂိုးသမားဗဲလ်ဒက်စ်ကို အခြားမန်ယူကစားသမားများကဲ့သို့ အသင်းသားအဖြစ် လက်ခံရန်ဆန္ဒမရှိဘဲ နည်းပြဟောင်း ဖာဂူဆင်ကဲ့သို့ပင် ၎င်းစိတ်တိုင်းမကျသည့်ကစားသမားများနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိကြောင်းလည်း သိရှိရသည်။

ဗဲလ်ဒက်စ်၏ လေ့ကျင့်ခန်းအစီအစဉ်အချိန်ဇယားမှာ နေ့ရက်တစ်ရက်တွင် အခြားအသင်းဖော်ဟောင်းများနှင့် တွေ့ဆုံခွင့်မရှိစေရန်ရေးဆွဲထားပြီး မန်ယူအသင်းကစားသမားများ နံနက်ပိုင်းလေ့ကျင်မည်ဆိုပါက အဆိုပါဂိုးသမားမှာ နေ့လယ်ပိုင်းတွင် လေ့ကျင့်ခန်းဆင်းရကြောင်း သိရသည်။

အကယ်၍ မန်ယူအသင်းလေ့ကျင့်ခန်းအစီအစဉ်နှင့် တိုက်ဆိုင်နေမည်ဆိုပါက ဗဲလ်ဒက်စ်ကို အချိန်ပြောင်း၍ လေ့ကျင့်ခန်းဆင်းစေကြောင်း သိရှိရသည်။

ဗန်ဟားလ်က ပြောကြားရာတွင် ဗဲလ်ဒက်စ်မှာ ယူ-၂၁ အသင်းတွင် ပါဝင်ကစားရန်ငြင်းဆန်ခဲ့သည်ဟု စွပ်စွဲထားပြီး ဗဲလ်ဒက်စ်ကမူ မိမိအနေဖြင့် ကြံ့ခိုင်မှုပိုမိုပြည့်ဝရန် ယူ-၂၁ အသင်းနှင့် ကစားရန်မလိုအပ်ဟု သွားရောက်ပြောကြားရာမှတစ်ဆင့် နည်းပြနှင့် အဆင်မပြေဖြစ်ခဲ့သည်ဟု ဆိုသည်။

comments

error: Content is protected !!