ဆန်းဒါးလန်းနည်းပြသစ်အဖြစ် ဆမ်အလာဒွိုက်စ်ကို ခန့်အပ်ဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491895662
ဝက်စ်ဟမ်းအား ပြီးခဲ့သည့်ရာသီက တာဝန်ယူခဲ့သည့် ဆမ်အလာဒွိုက်စ်

နည်းပြလစ်လပ်နေသည့် ဆန်းဒါးလန်းအသင်းသည် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ် အပါအ၀င် နည်းပြအများစုအား ကမ်းလှမ်းခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ဆမ်အလာဒွိုက်စ်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ၌ နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဆန်းဒါးလန်းအသင်းတာဝန်ရှိသူများသည် ရာထူးမှနုတ်ထွက်သွားခဲ့သည့် နည်းပြအက်ဗိုကတ်၏နေရာတွင် အစားထိုးရန်အတွက် နည်းပြများစွာကို ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် ဆမ်အလာဒွိုက်စ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အဆင်ပြေမှုခဲ့ပြီး သဘောတူညီမှုအချို့ ရရှိခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပြီးဆုံးချိန်အထိ နိုင်ပွဲမရရှိသေး၍ အမှတ်ပေးဇယားအဆင့် ၂၀ တွင် ရပ်တည်နေသည့် ဆန်းဒါးလန်းအသင်းအနေဖြင့် ၀ါရင့်နည်းပြဆမ်အလာဒွိုက်စ်အားခန့်အပ်ရန် လစာညှိနှိုင်းရန်သာ လိုအပ်တော့သည်ဟုလည်း သိရှိရသည်။

comments

error: Content is protected !!