ပိုလန်နှင့် အုပ်စုဒုတိယနေရာ အဆုံးအဖြတ်ပွဲအတွက် အသင့်ရှိနေဟု အိုင်ယာလန်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491867792
ဂျာမနီနှင့်ပွဲက အောင်ပွဲခံနေသည့် အိုနေးလ် (ယာစွန်)

အိုင်ယာလန်နည်းပြ မာတင်အိုနေးလ်က လာမည့်တနင်္ဂနွေနေ့တွင် ပိုလန်နှင့်ကစားရမည့် ယူရိုခြေစစ်ပွဲအတွက် ၎င်း၏အသင်းသားများမှာ အဆင်သင့်ဖြစ်နေပြီဟု ပြောကြားလိုက်သည်။

အိုင်ယာလန်အသင်းမှာ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီကို အနိုင်ရပြီးနောက် အနိမ့်ဆုံးရှုံးထွက်ခြေစစ်ပွဲကစားခွင့် ရရှိထားပြီဖြစ်သော်လည်း အဝေးကွင်းတွင် ပိုလန်ကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည်ဖြစ်သည်။

“ကမ္ဘာ့ချန်ပီယံကို အနိုင်ရခဲ့တယ်ဆိုတာက အရမ်းကောင်းတဲ့ အားထုတ်မှုပါပဲ။ ရှုံးထွက်ခြေစစ်ပွဲကစားခွင့်တော့ ရလိုက်ပြီ။ တနင်္ဂနွေနေ့ကျရင်လည်း ရေကုန်ရေခမ်းကစားသွားမယ်”ဟု အိုနေးလ်က ပြောကြားခဲ့သည်။

အိုင်ယာလန်မှာ ပိုလန်ကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ရှုံးထွက်ခြေစစ်ပွဲကစားရမည်ဖြစ်သည်။

ထိုပွဲတွင် သရေကျခဲ့ပါက ၂ သင်းလုံးမှာ ၁၉ မှတ်စီဖြင့် တူညီနေမည်ဖြစ်ပြီး ဂျာမနီက ဂျော်ဂျီယာကို အနိုင်ရခဲ့ပါက ဒုတိယနေရာအတွက် ထို ၂ သင်းမှာ ထိပ်တိုက်တွေ့ဆုံမှုဖြင့် ဆုံးဖြတ်ခံရမည်ဖြစ်သည်။

ဂိုးမရှိသရေကျခဲ့ပါက ပိုလန်မှာ ၂ သင်းထိပ်တိုက်တွေ့ဆုံမှုတွင် အဝေးကွင်းသွင်းဂိုး ပိုများ၍ ဒုတိယနေရာရမည်ဖြစ်ပြီး ၁-၁ သရေကျခဲ့ပါက ပထမအကျော့တွင်လည်း ၁-၁ သရေကျခဲ့သဖြင့် နှစ်ကျော့ပေါင်းရလဒ် တူညီမည်ဖြစ်သည်။

သို့သော် ပိုလန်မှာ ဂိုးကွာခြားချက်အသာဖြင့် ဒုတိယနေရာရသွားမည်ဖြစ်ပြီး ၂-၂ သို့မဟုတ် ထို့ထက်ပိုများသော ဂိုးအရေအတွက်ဖြင့် သရေကျခဲ့ပါက အိုင်ယာလန်မှာ အဝေးကွင်းသွင်းဂိုး ပိုများသဖြင့် ဒုတိယနေရာ ရရှိသွားမည်ဖြစ်သည်။

comments

error: Content is protected !!