ကမ္ဘာ့ဖူဆယ်အဆင့်(၂၄)ရှိသြစတြေးလျအသင်းအား မြန်မာအသင်း(၃-၁)ဂိုးဖြင့် ရှုံးနိမ့်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
AOF_0209
Photo : သြစတြေးလျ(၃-၁)မြန်မာ ပွဲစဉ်မှ ယှဉ်ပြိုင်ကစားဟန်နှင့် မြန်မာဖူဆယ်အသင်း။Warut Nanruang

၂၀၁၅ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) ဒုတိယနေ့ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နှင့် သြစတြေးလျ လက်ရွေးစင်ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၁ ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းအား ၁၃ ဂိုးပြတ်ဖြင့် အနိုင်ယူထားသော မြန်မာလက်ရွေးစင်အသင်းသည် ဖူဆယ်ကမ္ဘာ့အဆင့် ၂၄ တွင်ရှိနေသော သြစတြေးလျ လက်ရွေးစင်အသင်းအား ပွဲချိန်(၁၀)မိနစ်တွင် ဒန်နီရယ်လ်၊ ပွဲချိန် ၁၄/၁၅ မိနစ်တွင် ၀ါဒီမှ ဆက်တိုက်သွင်းယူခဲ့သည့် ဂိုးများကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကာ မြန်မာ့ လက်ရွေးစင်ဖူဆယ်အသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန်၂၂တွင် ခိုင်ဇော်လင်းက သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်း အနေဖြင့် အုပ်စု(ခ)တွင် ၂ပွဲကစားပြီးချိန် ရမှတ်၃မှတ်ဖြင့် အုပ်စုဒုတိယ ဗီယက်နမ်အသင်းက ၁ပွဲကစားရမှတ် ၃မှတ် ဂိုးကွာခြားချက် အသာဖြင့် အုပ်စုပထမ၊ သြစတြေးလျအသင်းက ၁ပွဲကစား ရမှတ် ၃မှတ် ဂိုးကွာခြားချက်ကြောင့် မြန်မာအသင်းအောက် တတိယနေရာတွင်ရောက်ရှိနေသည်။

အောက်တိုဘာ ၁၀ရက်နေ့တွင် မြန်မာအသင်းမှာ ဒေသတွင်း အဓိကပြိုင်ဘက် ဗီယက်နမ်နှင့် ကစားရမည် ဖြစ်ပြီး ယင်းပွဲစဉ်မှာ ၂၀၁၆အေအက်ဖ်စီ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ခွင့်ရရန်အတွက်ပါ အရေးပါနေသဖြင့် အနိုင်ရရှိရန် လိုအပ်နေသည်။

ကမ္ဘာ့ဖူဆယ်အဆင့် ရပ်တည်မှုတွင် မြန်မာအသင်းမှာ ၈၇ တွင် ရပ်တည်လျက်ရှိပြီး ဗီယက်နမ်အသင်းက အဆင့် ၄၄တွင် ရှိနေကြောင်းသိရသည်။

AOF_0207

AOF_0176AOF_0239AOF_0103

comments

error: Content is protected !!