အခွန်ကိစ္စ မက်ဆီဘက်မှ ဘာစီလိုနာရပ်တည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489365946
အခွန်တိမ်းရှောင်သည်ဟု စွပ်စွဲခံနေရသော မက်ဆီ

ဘာစီလိုနာအသင်းသည် အခွန်တိမ်းရှောင်မှုဖြင့် အမှုရင်ဆိုင်နေရသော မက်ဆီဘက်မှ ထောက်ခံကြောင်းကြေညာလိုက်ပြီး မိမိတို့အသင်းကို တရားမျှတမှုမရှိ ပစ်မှတ်ထားနေသည့် ဆုံးဖြတ်ချက်များကို ရင်ဆိုင်ချေဖျက်သွားမည်ဟု ဆိုလိုက်သည်။

ပြီးခဲ့သည် ကြာသပတေးနေ့က မက်ဆီနှင့် ၎င်း၏ဖခင်မှာ အခွန်တိမ်းရှောင်မှုဖြင့် တရားရင်ဆိုင်ရမည်ဟု စပိန်တရားရုံးတစ်ခုက အမိန့်ထုတ်ခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာက ယခုဖြစ်စဉ်မှာ တကယ့်အဖြစ်မှန်နှင့် လုံးဝပြောင်းပြန်ဖြစ်ပြီး မက်ဆီတို့သားအဖအား စွဲချက်တင်ထားသည့် အစိုးရရှေ့နေမှာ ယခုအမှုအား ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ကြေညာလိုက်သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာမှ အခြားကစားသမား ၂ ဦးမှာလည်း စပိန်အာဏာပိုင်များ၏ ပစ်မှတ်ထားစုံစမ်းမှုခံနေရသည်။

“ဘာစီလိုနာအသင်းသည် အားကစားကိစ္စများနှင့် လုံးဝမပတ်သက်ဘဲ အချိန်ကာလရှည်ကြာစွာ တရားရင်ဆိုင်ရမည့်ကိစ္စရပ်များတွင် အသင်းကစားသမားများအား ပစ်မှတ်ထားနေမှုကို ရှုတ်ချသည်။ မိမိတို့အသင်း၏ အဆင်ပြေချောမွေ့နေမှု၊ တည်ငြိမ်မှုကိုဖန်တီးပေးနေသည့် ကစားသမားများကို ယခုကဲ့သို့ပစ်မှတ်ထားခြင်းမှာ အသင်းကို ပျက်စီးစေရန် ရည်ရွယ်ခြင်းပင်ဖြစ်သည်။ ကစားသမားများအတွက် ဥပဒေကြောင်းအရ ရပိုင်ခွင့်များရရှိရေးအတွက် လုပ်ဆောင်ကာကွယ်ပေးသွားမည်ဖြစ်ပြီး အခက်အခဲအသစ်များကို ရင်ဆိုင်ရန်အသင့်ရှိသည်”ဟု ဘာစီလိုနာက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဘာစီလိုနာမှ အခြားကစားသမား ၂ ဦးဖြစ်သည့် မာရှေယာနိုနှင့် နေမာတို့ကိုလည်း အခွန်တိမ်းရှောင်သည်ဟု စပိန်အခွန်ဋ္ဌာနက စွဲချက်တင်ထားသည်။

comments

error: Content is protected !!