ယူရိုခြေစစ်ပွဲမတိုင်မီ ရွန်နီအား ရွှေဖိနပ်ပေးအပ်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491867792
ရွန်နီအားပေးအပ်မည့် ရွှေဖိနပ်

အင်္ဂလန်တိုက်စစ်မှူးဝိန်းရွန်နီမှာ ယနေ့ညကစားမည့် အက်စ်တိုးနီးယားနှင့် ယူရိုခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူခဲ့သည့်အတွက် ထိုပွဲတွင် အခမ်းအနားဖြင့် ရွှေဖိနပ်ဆုလက်ခံရမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီသည် နာမည်ကျော်ဝင်ဘလေကွင်းတွင် ယူရိုခြေစစ်ပွဲမစတင်မီ အင်္ဂလန်လက်ရွေးစင်အသင်း၏ ဒုတိယဂိုးအများဆုံးသွင်းယူထားသူ ဆာဘော်ဘီချာလ်တန်က ရွှေဖိနပ်ဆုပေးအပ်သည်ကို လက်ခံရရှိမည်ဖြစ်သည်။

ယခုဖော်ပြထားသောပုံမှာ ၀င်ဘလေကွင်းရှိ ပရိသတ် ၇၅၀၀၀ ရှေ့တွင် ရွန်နီလက်ခံရရှိမည့် ၂၄ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော အထူးဆုဖြစ်ပြီး အက်ဖ်အေက ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုဖိနပ်အောက်ခြေခုံတွင် “အင်္ဂလန်အသင်းအတွက် ဂိုးသွင်းစံချိန်တင်ခဲ့သည့် ၀ိန်းရွန်နီအား ဂုဏ်ပြုသောအားဖြင့် ၀င်ဘလေကွင်း၌ ဆာဘော်ဘီချာလ်တန်က အောက်တိုဘာ ၉ ရက် ၂၀၁၅ ခုနှစ်တွင် ပေးအပ်ချီးမြှင့်သည်”ဟု ရေးသားထားသည်။

comments

error: Content is protected !!