အနာဂတ်အတွက် မဆုံးဖြတ်ရသေးကြောင်း စပိန်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
476728716
စပိန်အသင်းပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဒယ်ဘော့စကေး

စပိန်နည်းပြဒယ်ဘော့စကေးသည် အသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သည့်အချိန်တွင် အနာဂတ်အတွက် အတိအကျမဆုံးဖြတ်ရသေးကြောင်း၊ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများ အလိုရှိသည့်အချိန်အထိ စပိန်အသင်းတွင် ဆက်ရှိနေမည်ကို ယုံကြည်ကြောင်း မီဒီယာများထံ ဖွင့်ဟပြောကြားသွားခဲ့သည်။

နည်းပြဒယ်ဘော့စကေးအနေဖြင့် ယူရို-၂၀၁၆ ပြိုင်ပွဲပြီးဆုံးချိန်အထိ စပိန်အသင်းနှင့် စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်းအနေဖြင့် ယူရိုပြိုင်ပွဲတွင် အောင်မြင်မှုထပ်မံရရှိခဲ့ပါက အသင်းတွင်ဆက်ရှိနေဖွယ်ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

“ဘောလုံးလောကရဲ့အခြေအနေက တည်ငြိမ်တဲ့အနေအထားမဟုတ်လို့ အတိအကျပြောလို့မရပါဘူး။ အထူးသဖြင့် အသင်းကိုဆက်လက်တာဝန်ယူကိုင်တွယ်ဖို့အတွက် ပိုပြီးတော့မသေချာတဲ့ အနေအထားဖြစ်နေဆဲပါ။သေချာတာတစ်ခုကတော့ အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး အတိအကျမဆုံးဖြတ်ရသေးပါဘူး” ဟု နည်းပြဒယ်ဘော့စကေးက ဆိုခဲ့သည်။

နည်းပြဒယ်ဘော့စကေးအနေဖြင့် စပိန်လက်ရွေးစင်အသင်းအား ကမ္ဘာ့ဖလား၊ ဥရောပဖလားများရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည့်အပြင် လက်ရှိယူရို-၂၀၁၆ခြေစစ်ပွဲတွင်လည်း ခြေစစ်ပွဲအောင်မြင်ရန် အနီးစပ်ဆုံးအခြေအနေအထိ စွမ်းဆောင်ပေးထားခဲ့ခြင်းကြောင့် ပရိသတ်များ၏ထောက်ခံမှု အပြည့်ရရှိထားသည်။

comments

error: Content is protected !!