ကိုယ်အလေးချိန်တိုးခဲ့သဖြင့် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရကြောင်း ဒီယေဂိုကော်စတာ ၀န်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490407446
ချဲလ်ဆီးလေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဒီယေဂိုကော်စတာ

ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဒီယေဂိုကော်စတာက ရာသီသစ်မစတင်မီ ကိုယ်အလေးချိန်တိုးခဲ့သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ကြံ့ခိုင်မှုအားနည်းခဲ့ခြင်းများကြောင့် ၆ ပွဲကစားပြီးချိန်အထိ အကောင်းဆုံးပုံစံမရရှိခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။

ချဲလ်ဆီးအသင်းသို့ရောက်ရှိခဲ့သည့် ပထမရာသီတွင်ပင် ပရီးမီးယားသွင်းဂိုး ၂၁ ဂိုးနှင့် ခြေစွမ်းပြခဲ့သည့် ဒီယေဂိုကော်စတာမှာ ယခုရာသီတွင် အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးသာ ရယူပေးထားနိုင်သည်။

“ရာသီအစပွဲစဉ်တွေမှာ ကြံ့ခိုင်မှုပိုင်းအားနည်းနေခဲ့တယ်ဆိုတာ အရိုးသားဆုံးဝန်ခံချင်ပါတယ်။ ပွဲစဉ် ၆ ပြီးဆုံးချိန်အထိ အကောင်းဆုံးပုံစံ ရှိမနေခဲ့ပါဘူး။ ကြံ့ခိုင်မှုအပိုင်းမှာ တကယ့်ကိုအဆိုးရွားဆုံးအချိန်ကာလတွေအဖြစ် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အနားယူနေရတဲ့အချိန်မှာ ကိုယ်အလေးချိန်နည်းနည်းတက်လာခဲ့တာကလည်း ခြေစွမ်းမပြနိုင်တဲ့ အဓိကအချက်တစ်ခုလို့ ပြောလို့ရပါတယ်”ဟု ဒီယေဂိုကော်စတာက ၀န်ခံခဲ့သည်။

comments

error: Content is protected !!