ဖီဖာ၏ ရက် ၉၀ ပြစ်ဒဏ်ကို ဘလတ္တာအယူခံဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
481909696
၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်ရေးဆွဲသည့်အခမ်းအနားတွင် ဘလတ္တာအားတွေ့ရစဉ်

ဖီဖာဥက္ကဋ္ဌဘလတ္တာသည် ၎င်းအား ဖီဖာကျင့်ဝတ်ကော်မတီက ခြစားမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဖီဖာနှင့်သက်ဆိုင်သောကိစ္စရပ်များကို ရက် ၉၀ ကြာ မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ထားခြင်းအား အယူခံဝင်လိုက်သည်။

ဘလတ္တာမှာ ယမန်နေ့က ဖီဖာအတွင်းရေးမှူးချုပ် ဂျရုန်းဗက်ကီ၊ ဒုဥက္ကဋ္ဌ ပလာတီနီတို့နှင့်အတူ ရက် ၉၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဘလတ္တာ၏ မိတ်ဆွေနှင့် အကြံပေးဖြစ်သူ ကလော့စ်စတော့ကာက “ဖီဖာအယူခံကော်မတီကို သူ့အယူခံတင်လိုက်ပါပြီ။ သူ့ရာထူးအတွက် သူကာကွယ်သွားမှာဖြစ်ပြီး သူ့မှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခံရမှာ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ဖီဖာဥက္ကဋ္ဌရာထူးအား ဆက်လက်ရယူလိုနေသည့် ဘလတ္တာအား ဝေဖန်မှုများရှိနေပြီး အက်ဖ်အေဥက္ကဋ္ဌဟောင်း ဘရန်စတိန်းက “ဒီလောက်အကြာကြီး ရာထူးယူထားနိုင်မယ်လို့ သူထင်ရင် ရူးနေလို့ပဲဖြစ်မယ်” ဟု တရားဝင်ဝေဖန်ထားသည်။

ထို့အပြင် ဖီဖာဒုဥက္ကဋ္ဌနှင့် အက်ဖ်အေဒုဥက္ကဋ္ဌဖြစ်သူ ဒေးဗစ်ဂီးလ်ကလည်း ဖီဖာယာယီအတွင်းရေးမှူးချုပ် မားကပ်စ်ကတ်နာအား ဖီဖာအမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူပေးရန် စာရေးတိုက်တွန်းထားကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဖီဖာအား သက်တမ်းအရှည်ဆုံးဒုဥက္ကဋ္ဌဖြစ်သူ တောင်အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အစ်ဆာဟေယာတူက တာဝန်ယူဦးဆောင်လျက်ရှိသည်။

comments

error: Content is protected !!