တံကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ချို့ အဂူရိုလွဲချော်ဖွယ်ရှိနေ
|
အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုသည် အီကွေဒေါအသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရရှိခဲ့ခြင်းကြောင့် အချိန်အနည်းငယ်အနားယူရတော့မည်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်အချို့ လွဲချော်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
အဂူရို၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း၊ အနားယူရမည့်ကာလကို အတိအကျမထုတ်ပြန်သေးသော်လည်း ပါရာဂွေးနှင့် ခြေစစ်ပွဲအား သေချာပေါက်လွဲချော်တော့မည်ဖြစ်ကြောင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည့် အဂူရိုအနေဖြင့် ဘုန်းမောက်အသင်းနှင့်ပွဲစဉ်ကိုပါ လွဲချော်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
“အဓိက ကစားသမားတစ်ယောက် ဒဏ်ရာရရှိခဲ့တာ အသင်းအတွက် နစ်နာမှုတွေရှိပါတယ်။ ဒဏ်ရာကနေ အမြန်ဆုံးသက်သာလာဖို့လည်း မျှော်လင့်မိပါတယ်။ နိုင်ပွဲလိုအပ်နေတဲ့အချိန်မှာ အဓိကကစားသမားတစ်ဦး ဆုံးရှုံးခဲ့ရပါပြီ ” ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ဆိုခဲ့သည်။
Next : ဆန်းဒါးလန်းနည်းပြသစ်အဖြစ် ဆမ်အလာဒွိုက်စ်ကို ခန့်အပ်ဖွယ်ရှိနေ