မန်ယူပရိသတ်ယူစိန်ဘော့ အလောင်းအစားရှုံး၍ အာဆင်နယ်ဂျာစီဝတ်ခဲ့ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
bolt-main
ယူစိန်ဘော့၏ အင်စတာဂရမ်အကောင့်တွင်တင်ထားသည့် ဓာတ်ပုံများ

မီတာ ၁၀၀ ကမ္ဘာ့အပြေးချန်ပီယံ မန်ယူပရိသတ်ယူစိန်ဘော့မှာ သူငယ်ချင်းဖြစ်သည့် မက္ကဆီကိုရုပ်သံအစီအစဉ်တင်ဆက်သူ ဆာဒါနှင့် အာဆင်နယ်-မန်ယူပွဲကို အလောင်းအစားပြုလုပ်ခဲ့ရာတွင် မန်ယူအသင်းက ၃ ဂိုးပြတ်အရေးနိမ့်ခဲ့သောကြောင့် ယူစိန်ဘော့မှာ အာဆင်နယ်အသင်းဂျာစီဝတ်ဆင်ခဲ့ရကြောင်းသိရသည်။

ယူစိန်ဘော့မှာ မန်ယူကွင်းလယ်ကစားသမားအဖြစ်ပါဝင်ရန်ပြောကြားခဲ့ဖူးသည့် အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အာဆင်နယ်ကို အနိုင်ကစားနိုင်မည်ဟု ယုံကြည်သောကြောင့် အာဆင်နယ်အမာခံပရိသတ် ဆာဒါနှင့် လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။

မန်ယူမှာ ဆန်းချက်ဇ်၊ အိုဇဲလ်တို့၏ သွင်းဂိုးများဖြင့် ၃ ဂိုးပြတ်အရေးနိမ့်ခဲ့သည့်အတွက် အလောင်းအစားပြုလုပ်ထားသည့်အတိုင်း ယူစိန်ဘော့မှာ အာဆင်နယ်ဂျာစီတွင် ဘော့ ၉.၅၈ ဆိုသည့်ကျောနံပါတ်ရိုက်နှိပ်ပြီး ၀တ်ဆင်ခဲ့ရသည်။

အဆိုပါ ၉.၅၈ မှာ မီတာ ၁၀၀ ပြေးပွဲတွင် ယူစိန်ဘော့စံချိန်တင်ထားသည့် ၉.၅၈ စက္ကန့် ကမ္ဘာ့စံချိန်ဖြစ်သည်။

comments

error: Content is protected !!