ဒဏ်ရာရကစားသမားများပြားနေသော်လည်း ဂျာမနီကို အကောင်းဆုံးရင်ဆိုင်မည်ဟု အိုနေးလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491651100
ဂျော်ဂျီယာနှင့်ခြေစစ်ပွဲတွင် မာတင်အိုနေးလ်ကိုတွေ့ရစဉ်

ယနေ့ညတွင် ဂျာမနီအသင်းနှင့်ရင်ဆိုင်ကစားရမည့် အိုင်ယာလန်အသင်းနည်းပြမာတင်အိုနေးလ်က ဒဏ်ရာရကစားသမားများပြားနေသော်လည်း ဂျာမနီနှင့်ပွဲတွင် အကောင်းဆုံးစိတ်ဓာတ်ဖြင့် ဟာကွက်မရှိကစားကာ တတိယနေရာခိုင်မြဲစေရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မာတင်အိုနေးလ်၏ အိုင်ယာလန်အသင်းမှာ အုပ်စု(ဃ) အမှတ်ပေးဇယားတွင် တတိယနေရာရောက်ရှိနေပြီး ဒုတိယနေရာမှ ပိုလန်အသင်းနှင့် ရမှတ် ၂ မှတ်သာကွာဟကာ စတုတ္ထနေရာမှ စကော့တလန်နှင့် ၄ မှတ် ကွာနေသည်။

အိုင်ယာလန်အသင်း၏ ဒဏ်ရာရလူစာရင်းတွင် အဲဗာတန်နောက်ခံလူကိုးမန်းပါဝင်နေပြီး စတုတ်စီးတီးမှ ၀ီလ်ဆင်နှင့် ဂလန်းဝှီလန်တို့မှာ ပွဲပယ်ပြစ်ဒဏ်ခံထားရသည့်အပြင် ကွင်းလယ်လူ မက္ကလင်းနှင့် ဟိုလာဟန်တို့သည်လည်း ဂျာမနီနှင့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းတိုက်စစ်မှူး မာကိုရပ်စ်ကမူ အိုင်ယာလန်အသင်းကို ဖိအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!