ပရီးမီးယားလိဂ်ကဲ့သို့ အောင်မြင်မှုများရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း လာလီဂါဥက္ကဋ္ဌ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
455156306
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဟာဗီးယားတာဘက်စ်

စပိန်လာလီဂါဥက္ကဋ္ဌ ဟာဗီးယားတာဘက်စ်က လာလီဂါအသင်းများအနေဖြင့် ဥရောပချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနေသော်လည်း ပရီးမီးယားလိဂ်ကဲ့သို့ ၀င်ငွေမြောက်များစွာရရှိပြီး အောင်မြင်မှုရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လာလီဂါဥက္ကဋ္ဌ ဟာဗီးယားတာဘက်စ်က လက်ရှိဥရောပပြိုင်ပွဲများတွင် အောင်မြင်မှုများစွာရရှိနေသော်လည်း ရုပ်သံမီဒီယာများမှတစ်ဆင့် ၀င်ငွေများစွာရရှိနေသည့် ပရီးမီးယားလိဂ်ကဲ့သို့ ရပ်တည်နိုင်ရန် ဆန္ဒရှိနေခြင်းလည်းဖြစ်သည်။

“လာလီဂါပွဲစဉ်တွေအနေနဲ့ ပြည်တွင်းပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်နေပါတယ်။ အဲဒီအတွက် ဖီဖာ၊ ယူအီးအက်ဖ်အေတို့ရဲ့ အကူအညီတွေနဲ့အတူ အမြတ်အစွန်းများစွာရရှိမယ့်လိဂ်အဖြစ် ဖန်တီးနိုင်ဖို့လိုအပ်နေပါပြီ။ ဘွန်ဒက်စ်လီဂါလို ပရိသတ်များစွာရရှိဖို့နဲ့ ပရီးမီးယားလိဂ်လို ရုပ်သံမီဒီယာမှတစ်ဆင့် အမြတ်အစွန်းများစွာရရှိမှသာ ကမ္ဘာ့ထိပ်တန်းအမှတ်ပေးလိဂ်အဖြစ်ရပ်တည်နိုင်မှာပါ” ဟု ဥက္ကဋ္ဌ ဟာဗီးယားတာဘက်စ်က ဆိုခဲ့သည်။

စပိန်လာလီဂါကိုယ်စားပြုအသင်းများသည် ချန်ပီယံဆုများစွာရရှိနေခဲ့သော်လည်း လက်မှတ်ခအသက်သာဆုံးဖြစ်နေသည့် ဂျာမနီဘွန်ဒက်စ်လီဂါ၊ ရုပ်သံထုတ်လွှင့်ခများစွာရရှိနေသည့် ပရီးမီးယားလိဂ်တို့၏ နောက်တွင်ရောက်ရှိနေသည့်အတွက် ဥက္ကဋ္ဌဟားဗီးယားတာဘက်စ်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်

ယင်းနှင့်ပတ်သက်၍ ၎င်းက အမေရိက၊ အာဖရိကတိုက်များတွင် လာလီဂါပြိုင်ပွဲများကို စိတ်ဝင်တစားစောင့်ကြည့်မှုများရှိလာပြီဖြစ်ကြောင်း၊ ဖွံဖြိုးတိုးတက်လာသည့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း မိုဘိုင်းဖုန်းများမှတစ်ဆင့် အားပေးသူများရှိလာပြီဖြစ်ကြောင်း၊ ကမ္ဘာ့အားကစားဇာတ်ခုံတွင် စိတ်ဝင်စားမှုပိုမိုများပြားလာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!