ယာဂင်ကလော့ပ်နှင့် ၃ နှစ်စာချုပ် ချုပ်ဆိုရန် လီဗာပူး သဘောတူညီမှုရရှိခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
476360496
ဒေါ့မွန်နှင့်နှုတ်ဆက်ပွဲကတွေ့ရသည့် ယာဂင်ကလော့ပ်

လီဗာပူးအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့် နည်းပြရာထူးအတွက် ဒေါ့မွန်နည်းပြဟောင်းဖြစ်သူ ယာဂင်ကလော့ပ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ပြီးနောက် ၃ နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

နည်းပြသစ်ရာထူးအတွက် ထိပ်တန်းနည်းပြအချို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် လီဗာပူးအသင်းသည် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ နည်းပြသစ်တစ်ဦးအား ခန့်အပ်တာဝန်ပေးမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် နည်းပြယာဂင်ကလော့ပ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မီဒီယာများ၏ဖော်ပြချက်များတွင် နည်းပြယာဂင်ကလော့ပ်အနေဖြင့် လီဗာပူးအသင်းနှင့်သဘောတူညီမှုရရှိခဲ့ပြီးနောက် ၎င်း၏လက်ထောက်နည်းပြများဖြစ်သည့် ဘူဗက်နှင့် ကရာဝစ်ဇ်တို့အား လက်ထောက်နည်းပြများအဖြစ် တာဝန်ယူကိုင်တွယ်ရန် ဆက်သွယ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအတွက်ကြောင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် နည်းပြဟောင်းရော့ဂျာ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ရှောင်အိုဒရစ္စကောလ်မှာ အသင်းမှထွက်ခွာသွားခဲ့ပြီး ဂရေးမက္ကအဲလစ္စတာမှာလည်း အသင်းကြီးနည်းပြအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။

လီဗာပူးအသင်းအနေဖြင့် နည်းပြသစ်ခန့်အပ်သည့် သတင်းအား သောကြာနေ့တွင် အတည်ပြုထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ဆက်စပ်သတင်းများအရ အယ်လ်အေဂလက်ဇီအသင်းတွင် သွားရောက်ကစားနေသည့် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ စတီဗင်ဂျရတ်မှာ နည်းပြသစ်ယာဂင်ကလော့ပ်ကြောင့် လီဗာပူးအသင်းသို့ ပြန်လည်ရောက်ရှိလာဖွယ်ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!