အင်္ဂလန်နောက်ခံလူဂျွန်စတုန်း ယူရို-၂၀၁၆ ခြေစစ်ပွဲကို လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485748738
ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဂျွန်စတုန်း

အင်္ဂလန်အသင်းနောက်ခံလူဂျွန်စတုန်းမှာ အက်စ်တိုးနီးယား၊လစ်သူယေးနီးယားတို့နှင့် ယှဉ်ပြိုင်ရမည့်ယူရို-၂၀၁၆ခြေစစ်ပွဲကို ဒူးဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ကြောင်းသိရှိရသည်။

အသက်၂၁နှစ်ရှိအဲဗာတန်နောက်ခံလူဂျွန်စတုန်းမှာလီဗာပူးနှင့် ၁-၁သရေရလဒ် ထွက်ပေါ်ခဲ့သည့် မာဆေးလ်ဆိုက် ဒါဘီပွဲကိုလည်း အဆိုပါဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်။

အင်္ဂလန်အသင်းနည်းပြရွိုင်းဟော့ဆန်အနေဖြင့် ဒဏ်ရာရကစားသမားများပြားနေမှုကို အစားထိုးရန်အတွက် စပါးအသင်းမှ တောင်းဆန်နှင့် ဝေါ်လ်ကာတို့ကို အသင်းလူစာရင်း၌ ထည့်သွင်းခဲ့ကြောင်းသိရသည်။

အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီ၊ လီဗာပူးတိုက်စစ်မှူးဒန်နီအင့်စ်အပါအ၀င် ဆွမ်ဆီးကွင်းလယ်လူရှယ်လ်ဗေးတို့မှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်တွင် ကြံ့ခိုင်မှုမပြည့်ဝသောကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

စပါးအသင်းကွင်းလယ်လူ တောင်းဆန်မှာ ဇွန်လတွင်ကစားခဲ့သည့် ဆလိုဗက်ကီးယားနှင့် ပွဲတွင်ပါဝင်ခဲ့ပြီး အသက်၂၅ နှစ်ရှိနောက်ခံလူ ဝေါ်လ်ကာမှာ ၎င်း၏လက်ရွေးစင်ကစားသမားဘ၀ ၁၁ ပွဲမြောက်အဖြစ် မတ်လတွင် အီတလီနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပါဝင်ကစားပေးထားသည်။

comments

error: Content is protected !!