ကလပ်တွင် ပွဲထွက်ခွင့်မရရှိခဲ့ခြင်းက ဖယ်လ်ကာအို ယုံကြည်ချက်ပျောက်ဆုံးစေကြောင်း ကိုလံဘီယာနည်းပြဆို
|
ကိုလံဘီယာနည်းပြပီကာမန်က ချဲလ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့၍ အသင်း၏အဓိကတိုက်စစ်မှူး ဖယ်လ်ကာအိုအတွက် ယုံကြည်မှုပျောက်ဆုံးစေခဲ့ကြောင်း၊ ဒဏ်ရာမှပြန်လည်သက်သာလာခဲ့ပြီးနောက် ပွဲချိန်ပြည့်ကစားနိုင်ရန် ရုန်းကန်နေရခြင်းမှာ ကလပ်အသင်းများကြောင့်ဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။
ဥရောပထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဖယ်လ်ကာအိုသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် မန်ယူအသင်း၌ အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့သည့်အချိန်တွင် ပုံမှန်ခြေစွမ်းပြန်လည်ရရှိရန် ရုန်းကန်ရလျက်ရှိသည်။
“ဖယ်လ်ကာအိုအနေနဲ့ ချဲလ်ဆီးအသင်းမှာ ပွဲချိန်ပြည့်ကစားခွင့်မရရှိခဲ့တာက တကယ်ကိုဆိုးရွားလွန်းပါတယ်။ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အတွက် ပွဲချိန် ၁၅ မိနစ်၊ မိနစ် ၂၀ ဆိုတဲ့ အချိန်က မလုံလောက်ပါဘူး။ ဖယ်လ်ကာအိုအနေနဲ့ ပုံမှန်ခြေစွမ်းပြန်ရဖို့ ယုံကြည်ချက်တွေပျောက်ဆုံးနေပါတယ်”ဟု နည်းပြပီကာမန်က ဆိုခဲ့သည်။
ကိုလံဘီယာအသင်းခေါင်းဆောင် ဖယ်လ်ကာအိုလ်သည် ယခုဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းအတွက် ပွဲစဉ် ၈ ပွဲပါဝင်ကစားခွင့်ရရှိခဲ့ရာတွင် ၂ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အသင်းအတွက် ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။
Next : ဒဏ်ရာရကစားသမားများပြားနေသော်လည်း ဂျာမနီကို အကောင်းဆုံးရင်ဆိုင်မည်ဟု အိုနေးလ်ပြောကြား