ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ချီလီအတွက် ဆန်းချက်ဇ်နှင့်ဗီဒယ် ပါဝင်နိုင်မည်မဟုတ်
|
တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ချီလီနှင့်ဘရာဇီးပွဲစဉ်တွင် ချီလီတိုက်စစ်မှူးဆန်းချက်ဇ်နှင့် ကွင်းလယ်ဖန်တီးရှင်ဗီဒယ်တို့မှာ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြဆမ်ပါအိုလီက တရားဝင်ပြောကြားလိုက်သည်။
လက်ရှိကိုပါအမေရိကဖလားချန်ပီယံ ချီလီတိုက်စစ်မှူးဆန်းချက်ဇ်မှာ မန်ယူနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဗီဒယ်မှာ ဘိုင်ယန်မြူးနစ်အသင်းနောက်ဆုံးကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲကို ဒူးဒဏ်ရာကြောင့်လွဲချော်ခဲ့ကာ ဒေါ့မွန်နှင့်ပွဲတွင်လည်း မိနစ်အနည်းငယ်သာ ပါဝင်ကစားနိုင်ခဲ့သည်။
ချီလီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဘရာဇီးအသင်းမှ တိုက်စစ်မှူးနေမာသည်လည်း ကိုပါအမေရိကဖလားပြိုင်ပွဲအဖြစ် ကိုလံဘီယာနှင့်ကစားခဲ့သည့်ပွဲတွင် တိုက်ရိုက်အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရပြီးနောက် ဖီဖာ၏ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲစဉ်ကိုလွဲချော်ရမည်ဖြစ်သည်။
ထို့အပြင် ဘရာဇီးကွင်းလယ်ဖန်တီးရှင်ကော်တင်ညိုသည်လည်း ဒဏ်ရာပြဿနာရှိနေသောကြောင့် အသင်းနည်းပြဒွန်ဂါက အဆိုပါကစားသမားနေရာတွင် အစားထိုးရန် အမေရိကန်ကလပ် အော်လန်ဒိုအသင်းခေါင်းဆောင် ကာကာကို ပြန်လည်ခေါ်ယူထားကြောင်းသိရှိရသည်။
Next : အာဆီယံဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲတွင် ဖိလစ်ပိုင်အားဂိုးပြတ်အနိုင်ယူပြီး အုပ်စုဦးဆောင်သူနေရာမြန်မာအသင်းရယူ