ချဲလ်ဆီးနှင့် အေစီမီလန်ဂိုးသမားဟောင်း အမီလီယာ ကာလတိုစာချုပ်ချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
186089301
အေစီမီလန်တွင်ကစားစဉ်က အမ်မီလီယာကိုတွေ့ရစဉ်

အေစီမီလန်ဂိုးသမားဟောင်း အမီလီယာမှာ ချဲလ်ဆီးနှင့် ကာလတိုစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အေးဂျင့်ပက်စ်တိုရယ်လိုက ပြောကြားလိုက်သည်။

အသက် ၃၃ နှစ်ရှိ အဆိုပါ အီတလီဂိုးသမားဟောင်းသည် ကာလရှည်အနားယူနေရသော ဂိုးသမားကော်တိုရစ်၏နေရာတွင် ၀င်ရောက်ကစားနေသည့် ဘီဂိုဗစ်၏ အရန်ဂိုးသမားအဖြစ် တာဝန်ယူရမည်ဖြစ်သည်။

အမီလီယာမှာ ပြီးခဲ့သည့်လနှောင်းပိုင်းက ချဲလ်ဆီးနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ယခုအချိန်တွင် ကာလတိုစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေသောအဆိုပါဂိုးသမားမှာ အေစီမီလန်မှထွက်ခွာပြီးချိန်တွင် အပျော်တမ်းကလပ်ရော့ကာပရီအိုရာအသင်းနှင့် စီးရီးဘီကလပ် ပီရူးဂျီယာသို့ ရောက်ရှိခဲ့သည်။

အမီလီယာမှာ အေစီမီလန်အသင်းနှင့် ၄ နှစ်တာကာလတွင် ၄၁ ပွဲပါဝင်ကစားခဲ့ပြီးနောက် ပြိုင်ပွဲအတွေ့အကြုံရှိသည့်ဂိုးသမားဖြစ်သောကြောင့် ချဲလ်ဆီးမှ ကာလတိုစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!