အာဆီယံဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲတွင် ဖိလစ်ပိုင်အားဂိုးပြတ်အနိုင်ယူပြီး အုပ်စုဦးဆောင်သူနေရာမြန်မာအသင်းရယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
aseanfootball (2)
မြန်မာလက်ရွေးစင်အသင်းအတွက် တစ်ဂိုးသွင်းပေးခဲ့သည့် ပြည့်ဖြိုးမောင်ထိုးဖောက်မှု အားဖိလစ်ပိုင်ဂိုး သမားနှင့် နောက်တန်းတို့ ကာကွယ်နေစဉ်။

၂၀၁၅ခုနှစ်အာဆီယံဖူဆယ်ပြိုင်ပွဲအုပ်စု(ခ)အဖွင့်ပွဲစဉ်အဖြစ်မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည်ဖိလစ်ပိုင်လက်ရွေးစင် ဖူဆယ်အသင်းအား(၁၃-၀)ဂိုးဖြင့် အနိုင်ယူခဲ့ကြောင်းသိရသည်။

အာဆီယံဖူဆယ်ချန်ပီယံရှစ်အား ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်ပြီး အုပ်စု(က)တွင် ထိုင်း၊တီမော၊ဘရူနိုင်း၊မလေးရှား၊စင်ကာပူတို့ပါဝင်ကော အုပ်စု(ခ)တွင် သြစတြေးလျ၊ဗီယက်နမ်၊လာအို၊မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေသည်။ အုပ်စုပထမနှင့် ဒုတိယရအသင်းတို့မှာဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မည်ဖြစ်သည့်အပြင် 2016 AFC Futsal Championship ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ် သည်။

အုပ်စု(ခ)အဖွင့်ပွဲစဉ်တွင် ဗီယက်နမ်အသင်းမှာ လာအိုအား(၁၃-၁)ဂိုးဖြင့်နိုင်ခဲ့ရာ မြန်မာအသင်းမှာ ဂိုးကွာခြား ချက်အသာစီးရရှိခဲ့မှုကြောင့် ပွဲစဉ်(၁)ယှဉ်ပြိုင်ပြီးချိန်တွင် အုပ်စုဦးဆောင်သူနေရာကိုရရှိထားသည်။ ဖိလစ်ပိုင်အသင်းနှင့် ပွဲတွင်မြန်မာအသင်းအတွက်ကျော်စိုးမိုး(၁၀၊၁၂)၊ နိုင်ရဲကျော်(၁၁၊၂၂၊၂၅)၊ ငြိမ်းမင်းစိုး(၃)၊ ပြည့်ဖြိုးမောင်-ရှေ့တန်း(၁၇)၊ ထက်မြတ်နိုင်(၁၃၊၃၀)၊ ပြည့်ဖြိုးမောင်-နောက်တန်း(၃၃)၊ ခိုင်ဇော်လင်း(၃၇)၊ အောင်ဇင်ဦး(၁၈)၊ ရဲရင့်ဦး(၃၆) မိနစ်တို့တွင် အသီးသီးသွင်းယူခဲ့ကြခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် အောက်တိုဘာ(၉)ရက်နေ့တွင် သြစတြေးလျ၊အောက်တိုဘာ(၁၀)တွင် ဗီယက်နမ်၊ အောက်တိုဘာ(၁၂)တွင် လာအိုတို့နှင့် အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

aseanfootball (1)

comments

error: Content is protected !!