အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒိုင်နမိုဇာဂရက်ကစားသမားဒီမီ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482220866
ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဒီမီ

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကွင်းလယ်ကစားသမား ဒီမီသည် အာဆင်နယ်အသင်းအား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် တားမြစ်ဆေးသုံးစွဲထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

မက်ဆီဒိုးနီးယားလက်ရွေးစင် ဒီမီမှာ ရှောင်တခင်ဆေးစစ်မှုပြုလုပ်ရာတွင် တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာတွင်လည်း သုံးစွဲထားသည့်အဖြေသာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“တကယ်ကို အံအားသင့်စရာဖြစ်ရပ်တစ်ခုပါ။ အသင်းရဲ့ အဓိကကစားသမားတစ်ယောက်အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကျူးလွန်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီမီဟာ ဒီနှစ်အတွင်း ဆေးစစ်မှု ၆ ကြိမ် ပြုလုပ်ခဲ့တာမှာ တားမြစ်ဆေးသုံးစွဲခြင်းမရှိကြောင်း ရလဒ်သာထွက်ပေါ်ခဲ့တာပါ” ဟု ဒိုင်နမိုဇာဂရက်အသင်း တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဒိုင်နမိုဇာဂရက်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည့် ကွင်းလယ်လူဒီမီမှာ ဘိုင်ယန်မြူးနစ်အား ၅-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင်လည်း ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့သူဖြစ်သည်။

comments

error: Content is protected !!