၂၀၁၅ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးလောကတွင် ထွန်းတောက်လာမည့်ဆယ်ကျော်သက် ကစားသမား(၅၀)ဦးစာရင်းတွင် အာရှမှ (၅)ဦးပါဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
9-19_lee_seung_woo
တောင်ကိုရီးယား၏ မက်ဆီဟု တင်စားခံထားရသည့် လီဆောင်ဝူ

အင်္ဂလန်နိုင်ငံ၏ နာမည်ကြီးနေ့စဉ်ထုတ်သတင်းစာ Guardianမှ ၂၀၁၅ခုနှစ်အတွက် ကမ္ဘာတ၀န်းမှ အရည်အသွေးရှိ ဆယ်ကျော်သက်ကစားသမား(၅၀)ဦးစာရင်းကို ထုတ်ပြန်လိုက်ရာ အာရှဇုန်မှ ကစားသမား(၅)ဦးပါဝင်နေကြောင်းသိရသည်။

ယင်းသတင်းစာအနေဖြင့် ကမ္ဘာတ၀န်းမှ အသက်(၁၇)အရွယ်အရည်အသွေးရှိကစားသမားများကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကာ စီးရီးအေကလပ်အူဒီးနီးစ်အသင်းမှသြစတြေးလျကွင်းလယ်တိုက်စစ်ကစားသမားပါနို့စ်အာမီနာကက်စ်၊အီရန်ထိပ်တန်းကလပ် ဇို့ဘ်အဟန်အသင်းမှတိုက်စစ်အားသန်ကွင်းလယ်ကစားသမားရီဇာရှီကာရီ၊ဂျပန်ထိပ်တန်းကလပ်ဂမ်ဘာအိုဆာကာအသင်းမှ ကွင်းလယ်ကစားသမားရစ်ဆုဒိုအမ်၊မြောက်ကိုရီးယား၏အောင်မြင်မှုအရှိဆုံးကလပ်များထဲတွင်ပါဝင်သောဧပြီ၂၅အားကစား ကလပ်မှရှေ့တန်းကစားသမားဟန်ကွမ်ဆောင်နှင့်ဘာစီလိုနာအသင်းတွင်ကစားနေသည့် တောင်ကိုရီးယားရှေ့တန်းကစားသ မားလီဆောင်ဝူတို့ဖြစ်ကြောင်းသိရသည်။

ရွေးချယ်ခံထားရသည့် အာရှကစားသမား(၅)ဦး

လီဆောင်ဝူ(တောင်ကိုရီးယား၊ဘာစီလိုနာ)
ကစားသည့်နေရာ-ရှေ့တန်း
မွေးသက္ကရာဇ် – ၆-၁-၁၉၉၈

လီဆောင်ဝူမှာဘာစီလိုနာ၏အပြောင်းအရွှေ့ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်ကြောင့် ၀င်ရောက်ကစားပေးနိုင်ခြင်းမရှိသူဖြစ်ပြီး ဘာစီလိုနာ(ခ)အသင်းတွင်လေ့ကျင့်ခန်းဆင်းလျက်ရှိပြီးလက်ရှိအချိန်ထိဝင်ရောက်ကစားပေးနိုင်ခြင်းမရှိသော်လည်း လာမည့်ဇန်န၀ါရီမှစတင်ကာ ကစားပေးနိုင်မည်ဖြစ်သည်။ လျင်မြန်ပြီး ဟန်ချက်ညီမျှမှု၊ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသည့် ကစားဟန်ကြောင့် အာရှ၏တက်သစ်စ လူငယ်က စားသမားစာရင်းထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

လီဆောင်ဝူ၏ အာရှယူ၁၆ပွဲစဉ်မှ ကစားဟန်အားကြည့်ရှုရန်

ဟန်ကွမ်ဆောင်(မြောက်ကိုရီးယား၊ ဧပြီ၂၅အားကစားကလပ်)
ကစားသည့်နေရာ-ရှေ့တန်း
မွေးသက္ကရာဇ် – ၁၁-၉-၁၉၉၈

2014အာရှယူ၁၆ပြိုင်ပွဲတွင် လီဆောင်ဝူကဲ့သို့ ထွန်းတောက်လာသူဖြစ်သည်။ လီဆောင်ဝူအား တောင်ကိုရီး ယား၏ မက်ဆီဟုဆိုပါက ဟန်အား မြောက်ကိုရီးယား၏ ရော်နယ်ဒိုဟုခေါ်နိုင်ကြောင်း guardian ကတင်စားခဲ့ သည်။ ဘရာဇီးဂန္ထ၀င်တိုက်စစ်မှူးရော်နယ်ဒို၊၁၉၆၆ကမ္ဘာ့ဖလားတွင် အီတလီအားအနိုင်ဂိုးသွင်းခဲ့သည့် ပက်ခ်ဒိုအီတို့မှာ ၎င်းလေးစားအားကျသည့်ကစားသမားများဖြစ်ကြောင်း ဟန်ကွမ်ဆောင်ကပြောထားသည်။ လက်ရှိတွင် ဟန်ကွမ်ဆောင်မှာ စပိန်နိုင်ငံတွင်နေထိုင်ကာ လေ့ကျင့်မှုများပြုလုပ်နေကာ မကြာခင်တွင် လက်ရွေးစင်အသင်းကြီးတွင် ၀င်ရောက်ကစားနိုင်ရန် မျှော်လင့်လျက်ရှိသည်။

ဟန်ကွမ်ဆောင်၏ အာရှယူ၁၆ပွဲစဉ်မှ ကစားဟန်အားကြည့်ရှုရန်

ရစ်ဆု ဒိုအမ် (ဂျပန်၊ ဂမ်ဘာအိုဆာကာ)
ကစားသည့်နေရာ-ကွင်းလယ်ကစားသမား
မွေးသက္ကရာဇ် – ၁၆-၆-၁၉၉၈

ဂျပန်ဘောလုံးလောက၏မျိုးဆက်သစ်ကစားသမားများထဲတွင်ဒိုအမ်မှာလည်းပါဝင်လျက်ရှိပြီး၂၀၂၀ဂျပန်အိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများထဲတွင်ပါဝင်ပြုလုပ်နေရသူဖြစ်သည်။ဘယ်ခြေအားသန်ပြီးဘောလုံးအလိမ်အခေါက် ကျွမ်းကျင်မှု၊ ဘောလုံးပေးပို့မှုတိကျမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုရှိသူတစ်ဦး လည်းဖြစ်သည်။ ဒိုအမ်သည်ဂမ်ဘာအိုဆာကာအတွက် အဖွင့်ပွဲစဉ်ကို အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် စတင်ပွဲထွက်ခဲ့ခြင်းဖြစ်ပြီး ဂျေလိဂ်တွင် ပွဲထွက်ခြင်းကို ၎င်းအသက်၁၇နှစ်မပြည့်မီဝင်ရောက်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

ရစ်ဆု ဒိုအမ်၏ အာရှယူ၁၆ ပွဲစဉ်မှ ကစားဟန်အားကြည့်ရှုရန်

ရီဇီ ရှီကာရီ(အီရန်၊ ဇို့ဘ် အဟန်)
ကစားသည့်နေရာ – ကွင်းလယ်ကစားသမား
မွေးသက္ကရာဇ်-၃၁-၅-၁၉၉၈

ရှီကာရီမှာ ဇို့ဘ်အဟန်အသင်းနှင့်အတူအီရန်အမှတ်ပေးပြိုင်ပွဲအားစတင်ပွဲထွက်စဉ်ကတည်းက ၎င်း၏အသက် အရွယ်တန်းတွင် ကောင်းမွန်သည့်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သည်။ ၎င်း၏ အရည်အချင်းကြောင့် အီရန်ဘော လုံးလောကတွင်ထင်ရှားသည့် နီကိုနမ်ထက်ပင် ပိုမိုအောင်မြင်မည့်ကစားသမားဖြစ်လာနိုင်ကြောင်း ခန့်မှန်းထား ကြသည်။ ရှီကာရီမှာ အသက်(၁၇)နှစ်အရွယ်သာရှိသော်လည်း ယူ၂၃ဘောလုံးအသင်းတွင် ရွေးချယ်ခံထားရ သည်။

ရှီကာရီ၏ ကစားဟန်အားကြည့်ရှုရန်

ပါနို့စ် အာမီနာကက်စ် (သြစတြေးလျ၊ အူဒီးနီးစ်)
ကစားသည့်နေရာ – ကွင်းလယ်ကစားသမား
မွေးသက္ကရာဇ်-၅-၅-၁၉၉၈

အံသြဖွယ်ရာ ဘောလုံးအလိမ်အခေါက်စွမ်းရည်ပိုင်ဆိုင်ထားသူဖြစ်သည်။ ၂၀၁၄ခုနှစ်က အူဒီးနီးစ်အသင်းနှင့် စာချုပ်မချုပ်မီ မန်ယူ၊အာဆင်နယ်၊ချဲလ်ဆီး၊လီဗာပူးအသင်းတို့မှာခေါ်ယူရန် စိတ်ဝင်စားခဲ့ခြင်းခံခဲ့ရဖူးသူဖြစ် သည်။ အင်္ဂလန်ကလပ် ၀က်ဖို့ဒ်လူငယ်အသင်းတွင် ၂နှစ်ကြာလေ့ကျင့်ဖူးသလို ဘာစီလိုနာ၏သက်တမ်းအ လိုက်အသင်းတွင် ၃ပတ်ကြာလေ့ကျင့်ဖူးသည့်အပြင် ဘော်လ်တန်အသင်းတို့တွင်လည်း လေ့ကျင့်မှုပြုခဲ့ဖူး သူဖြစ်သည်။ အမေရိကန်နိုင်ငံတွင် မွေးဖွားပြီး ဂရိ၊သြစတြေးလျနိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားကာ ၂၀၁၄ခုနှစ်က တူရကီယူ၁၇အသင်းနှင့်ပွဲစဉ်တွင် ဂရိယူ၁၇အသင်းအတွက် ၀င်ရောက်ကစားခဲ့သည်။ ယင်းနောက်ပိုင်းတွင် သြစတြေးလျတွင်ကစားရန် ရွေးချယ်ခဲ့သူဖြစ်သည်။

ပါနို့စ် အာမီနာကက်စ်၏ ကစားဟန်အားကြည့်ရှုရန်

comments

error: Content is protected !!