ကစားသမားများမှာ အာဆင်နယ်နှင့်ပွဲတွင် ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမရှိခဲ့ဟု ဗန်ဟားလ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491284522
အာဆင်နယ်နှင့်ကစားခဲ့သည့်ပွဲတွင် ဗန်ဟားလ်အားတွေ့ရစဉ်

မန်ယူအသင်းနည်းပြဗန်ဟားလ်က အာဆင်နယ်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အသင်းကစားသမားများအနေဖြင့် ၎င်းညွှန်ကြားခဲ့သည့်ဗျူဟာအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ပြောကြားလိုက်သည်။

အဆိုပါပွဲတွင် မန်ယူအသင်းကစားသမားများကို ဖြတ်တင်ဘောများပေးပို့၍ တိုက်စစ်ဖွင့်ကစားရန် ဗန်ဟားလ်မှ ညွှန်ကြားခဲ့သော်လည်း ကစားသမားများက တန်ပြန်တိုက်စစ်သုံး၍ ကစားခဲ့ခြင်းကြောင့် စိတ်ပျက်ခဲ့ရသည်ဟု ဆိုခဲ့သည်။

မန်ယူအသင်းမှာ အာဆင်နယ်အသင်းနှင့်တွေ့ဆုံမှုတွင် ၂၀၁၁ ခုနှစ်မှ စ၍ ရှုံးပွဲမရှိကစားနိုင်ခဲ့သော်လည်း ယခုကစားခဲ့သည့်ပွဲတွင် မန်ယူကွင်းလယ်ကစားသမားများဖြစ်သော ကာရစ်၊ ရှဝိန်းစတိုင်ဂါနှင့် ရှနိုက်ဒါတို့ကို အထိုင်ချကစားခဲ့ပြီးနောက် အာဆင်နယ်တိုက်စစ်ကိုမထိန်းချုပ်နိုင်ခဲ့ဘဲ ၁၉ မိနစ်အတွင်း ၃ ဂိုးခွင့်ပြုခဲ့ရခြင်းဖြစ်သည်။

အဆိုပါရှုံးပွဲနှင့်ပတ်သက်၍ ဗန်ဟားလ်က ”အရမ်းပဲစိတ်ပျက်ရပါတယ်။ ကျွန်တော်တကယ့်ကို အံ့အားသင့်မိတယ်။ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်တော်တို့ကစားကွက်က စွမ်းဆောင်ရည်မပြည့်ခဲ့ပါဘူး။ အာဆင်နယ်လိုအသင်းမျိုးကို စိတ်ကြိုက်ကစားခွင့်တွေပေးလိုက်ရင် အရေးနိမ့်ပြီဆိုတာ နားလည်ထားရမှာပါ။ ကျွန်တော်တို့အနေနဲ့ သေသေချာချာကစားဖို့ပြင်ဆင်ခဲ့တာပါ။ တိုက်စစ်ဖွင့်ရင် အခုလိုအရေးနိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တကယ့်ကို စိတ်ပျက်မိတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!