လက်ကျန်ခြေစစ်ပွဲ ၂ ပွဲအား ဗိုလ်လုပွဲကဲ့သို့ သဘောထားရန်လိုကြောင်း ရှနိုက်ဒါသတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
486453052
အိုက်စလန်ကစားခဲ့သည့်ခြေစစ်ပွဲတွင်တွေ့ရသည့် ရှနိုက်ဒါ

ဟော်လန်လက်ရွေးစင်ကွင်းလယ်လူ ရှနိုက်ဒါက ယူရို-၂၀၁၆ ခြေစစ်ပွဲအောင်မြင်ရန်အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲအား ဗိုလ်လုပွဲများကဲ့သို့ သဘောထားရန်လိုအပ်ကြောင်း၊ ရှုံးထွက်တစ်နေရာအတွက် ချက်နှင့်ပွဲစဉ်မှာ အရေးအကြီးဆုံးပွဲစဉ်ဖြစ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် တတိယရရှိခဲ့သည့် ဟော်လန်အသင်းသည် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်တွင် နည်းပြသစ်ဂုဟစ်ဒင့်နှင့်အတူ ရုန်းကန်ခဲ့ရပြီး နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ပြီးသည့်တိုင် ခြေစစ်ပွဲအောင်မြင်ရန် မသေချာသည့်အခြေအနေနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ဟော်လန်အသင်းသည် ခြေစစ်ပွဲစဉ် ၈ ပွဲကစားပြီးချိန်၌  ရမှတ် ၁၀ မှတ်သာရရှိထားခဲ့ခြင်းကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ရှုံးထွက်ခြေစစ်ပွဲ ကန်ခွင့်ရရှိမည့် တတိယနေရာမှအသင်းနှင့်လည်း ၂ မှတ်ကွာဟနေခြင်းကြောင့် ယူရိုမျှော်လင့်ချက်အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲလုံးအနိုင်ရရှိရန် လိုအပ်လျက်ရှိနေသည်။

“နောက်ဆုံး ၂ ပွဲမှာ ၆ မှတ်ရဖို့ အရေးကြီးပါတယ်။ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ရင်တောင် တူရကီအသင်းရဲ့ရလဒ်ကို စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် လက်ကျန်ပွဲစဉ် ၂ ပွဲလုံးကို ဗိုလ်လုပွဲလို သဘောထားကစားရမှာပါ။ နိုင်ငံအသင်းအတွက် အစွမ်းကုန်ပေးဆပ်ရတော့မယ့်အချိန် ရောက်လာပါပြီ ” ဟု ရှနိုက်ဒါက ဆိုသည်။

ဟော်လန်အသင်းပါဝင်သည့် ခြေစစ်ပွဲအုပ်စု(က)တွင် ချက်နှင့် အိုက်စလန်တို့မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားပြီး ရှုံးထွက်ခြေစစ်ပွဲဝင်ခွင့် လက်ကျန်တစ်နေရာအတွက် တူရကီနှင့်ဟော်လန်တို့ အပြိုင်ဖြစ်နေသည်။ ဥရောပထိပ်သီး ဟော်လန်အသင်းအနေဖြင့် လက်ကျန် ၂ ပွဲတွင် ကာဇက်စတန်၊ ချက်အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!