ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြုးနစ်ကို ကြောက်ရွံ့နေမည်မဟုတ်ဟု အိုဇဲလ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491302492
မန်ယူနှင့်ပွဲစဉ်က တိုက်စစ်ဆင်နေသည့် အိုဇဲလ်

ကွင်းလယ်လူအိုဇဲလ်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းအနေဖြင့် ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်သည်။

အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ ပွဲကစားပြီးချိန်တွင် ဒိုင်နမိုဇာဂရက်ကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းအမ်းမရိတ်စ်၌ ဂရိကလပ်အိုလံပီယာကို့စ်ကို ၂-၃ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသဖြင့် ဖိအားများနှင့် ကြုံတွေ့နေရသည်။

နည်းပြအာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းမှာ ယခုသီတင်းပတ်နိုင်ငံတကာပွဲစဉ်များ ကျင်းပပြီးချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းအမ်းမရိတ်စ်တွင် ဧည့်ခံကစားရမည့်ပွဲနှင့်ပတ်သက်၍ အိုဇဲလ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ရမည့်ပွဲနှင့်ပတ်သက်၍ အိုဇဲလ်က ”ချန်ပီယံလိဂ်မှာ ကျွန်တော်တို့အသင်း ဖိအားအောက်ရောက်နေတယ်ဆိုတာ အမှန်ပါပဲ။ မန်ယူနဲ့ကစားခဲ့တဲ့ပွဲကလို ခြေစွမ်းမျိုးပြနိုင်မယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားနိုင်မှာပါ။ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ၅-၁ နဲ့အနိုင်ရခဲ့တာကိုကြည့်ပြီး အံ့အားသင့်မိတယ်။ အဲဒီပွဲမှာ သူတို့ခြေစွမ်းက တကယ့်ကိုကောင်းမွန်ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ဘိုင်ယန်ကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကြောက်ရွံ့နေမှာတော့ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!