ပြင်ဆင်ချိန်အနည်းငယ်ဖြင့် အဆင့်အတန်းမြင့်မားသည့် အသင်းများကိုအနိုင်ယူရန်မဖြစ်နိုင်ဟု မြန်မာယူ၁၉နည်းပြပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
IMG_8894
ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာယူ၁၉အသင်းနည်းပြ ဖရိုင်းဒရစ်ပြေကြားနေစဉ်။

အောက်တိုဘာ ၆။

အောင်သော်ဖြိုး။

AFC U-19 ချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်အသင်းအားရှုံးနိမ့်ပြီးနောက် မြန်မာယူ-၁၉အသင်းနည်းပြဂတ်ဖရိုင်းဒရစ်ခ်ျ ယခုပြိုင်ပွဲအတွင် ပြင်ဆင်ချိန်နည်းပါးခဲ့ခြင်းက အဆင့်အတန်းမြင့်မား သည့်အသင်းမျိုးကိုယှဉ်ပြိုင်အနိုင်ယူရန်မှာ မဖြစ်နိုင်ကြောင်းပြောကြားလိုက်သည်။

အိမ်ရှင် မြန်မာယူ-၁၉အသင်းမှာ ဗီယက်နမ်အသင်းမှာ ပွဲချိန်(၁၉)မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်း သောဂိုးဖြင့် ရှုံးနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် ဗီယက်နမ်အသင်းက ဖိအားပေးနိုင်မှု မြောက်များစွာပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကစားသမားများမှာ သင်ကြားထားသည့်အတိုင်း ကွင်းထဲတွင် လုပ်ပြနိုင်ခြင်းမရှိကြောင်း နည်းပြ ဖရိုင်းဒရစ်က ကစားသမားများ၏စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ဝေဖန်ခဲ့သည်။

“ဗီယက်နမ်အသင်းဟာ ခြေစွမ်းကောင်းတဲ့အသင်းပါ။ ခြေစစ်ပွဲအောင်မြင်ဖို့ ထိုက်တန်တဲ့အသင်းဖြစ်ပါတယ်။ ကျွန်တော်ကစားသမားတွေဟာ ဒီပွဲမတိုင်ခင်မှာ သင်ပြထားတဲ့ပုံစံ၊ နည်းစနစ်အတိုင်းမကစားနိုင်ခဲ့ကြဘူး။ ဒါ့အပြင် ပြင်ဆင်ချိန် (၂)လတည်းရတဲ့ အသင်းတစ်သင်းက သာမန်ခြေစွမ်းရှိတဲ့ ဟောင်ကောင်၊ ဘရူနိုင်းအ သင်းတို့ကို နိုင်နိုင်ပေမယ့် ကိုယ့်ထက်ဘောလုံးအဆင့်အတန်း မြင့်မားတဲ့ ထိုင်း၊ဗီယက်နမ်အသင်းတွေကို အနိုင်ကစားရန်မှာ မဖြစ်နိုင်ပါဘူး”မြန်မာယူ-၁၉အသင်းနည်းပြ ဖရိုင်းဒရစ်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာယူ၁၉အသင်းမှာ အဖွင့်ပွဲစဉ်တွင် ဘရူနိုင်းအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သော်လည်း တီမောအသင်းအား မထင်မှတ်ဘဲ သရေကျခဲ့ရခြင်းက ခြေစစ်ပွဲအောင်မြင်ရန် အဟန့်အတားဖြစ်စေခဲ့ရပြီး ယင်းအသင်းအားအနိုင် ကစားနိုင်ခဲ့လျှင် ခြေစစ်ပွဲအောင်ရန် အခွင့်အရေးရှိမည်ဖြစ်ကြောင်း ဗီယက်နမ်နည်းပြကပြောခဲ့သည်။

ဗီယက်နမ်ယူ၁၉အသင်းနည်းပြက” မြန်မာအသင်းက တီမောကိုသာ နိုင်ခဲ့ရင် အခွင့်အရေးရှိနိုင်ပါတယ်။ ဒီနေ့နိုင်ပွဲအတွက် အရမ်းပျော်ပါတယ်။ မြန်မာအသင်းကော ဗီယက်နမ်အသင်းကော ငယ်ရွယ်တဲ့ ကစား သမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းတွေပါ။ ဒီပွဲမတိုင်ခင် မြန်မာအသင်းရဲ့ နောက်တန်းအားနည်းချက်ကို လေ့လာထားပါတယ်။ မြန်မာ နောက်တန်းတွေဟာလိုင်းတခုထဲမှာ ကစားတာကိုတွေ့တဲ့အတွက် အဲ့အားနည်း ချက်ကို အခွင့်ကောင်းယူခဲ့ပါတယ်”ဟုပြောခဲ့သည်။

comments

error: Content is protected !!