လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ်များကြောင့် လိုကိုမိုးတစ်အသင်း အရေးယူခံရဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490899152
စကင်ဒါဗျူးနှင့်ပွဲစဉ်မှ လိုကိုမိုးတစ်ပရိသတ်များကိုတွေ့ရစဉ်

ရုရှားထိပ်သီးကလပ် လိုကိုမိုးတစ်အသင်းပရိသတ်များသည် ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် အယ်လ်ဘေးနီးယားကလပ် စကင်ဒါဗျူးနှင့်ပွဲစဉ်တွင် လူမျိုးရေးခွဲခြားမှုများပြုလုပ်ခဲ့သည့်အတွက် ယူအီးအက်ဖ်အေ၏အရေးယူမှု ခံရဖွယ်ရှိနေကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ရုရှားပရိသတ်များအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် ယူဂိုဆလားဗီးယားနိုင်ငံမှ အဆင့်ဆင့်ခွဲထွက်ခဲ့သည့် အယ်လ်ဘေးနီးယားအခြေစိုက်ကလပ်အား နိုင်ငံရေးအရ အော်ဟစ်လှောင်ပြောင်ခဲ့သည့်အပြင် ပြိုင်ဘက်အသင်းသားများနှင့် ပရိသတ်များအပေါ်တွင်လည်း လူမျိုးရေးခွဲခြားမှုများပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ အရေးယူခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယူအီးအက်ဖ်အေစည်းကမ်းထိမ်းသိမ်းရေးကော်မတီက ယင်းဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး အက်သလက်တီကို-ဘင်ဖီကာ ပွဲစဉ်အတွင်း မီးရှုးမီးပန်းပစ်ဖောက်ခဲ့သည့်ဖြစ်ရပ်အား ဆုံးဖြတ်ချက်ချမည့် အောက်တိုဘာ ၁၅ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လိုကိုမိုးတစ်မော်စကိုအသင်း တာဝန်ရှိသူများအနေဖြင့် စကင်ဒါဗျူးအသင်းနှင့် အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်တို့ကို ပရိသတ်များ၏  အပြုအမူအတွက် စိတ်မကောင်းကြောင်း အကြောင်းကြားခဲ့ပြီး တောင်းပန်မှုများ ပြုလုပ်ခဲ့သည်။

comments

error: Content is protected !!