မီဟိုင်းလိုဗစ်၏ နေရာတွင် ၀ါရင့်နည်းပြ လစ်ပီဖြင့် အစားထိုးရန် အေစီမီလန်စီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474852150
အာရှချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် လစ်ပီ

စီးရီးအေပွဲစဉ်များတွင် ရှုံးပွဲ ၄ ပွဲအထိ ကြုံတွေခဲ့ပြီး ရလဒ်ကောင်းရရှိရန် ရုန်းကန်နေရသည့် အေစီမီလန်အသင်းသည် လက်ရှိနည်းပြ မီဟိုင်းလိုဗစ်၏နေရာတွင် အီတလီဝါရင့်နည်းပြလစ်ပီနှင့် အစားထိုးရန်စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

အေစီမီလန်အသင်းသည် ယခုရာသီအစတွင် နည်းပြအင်ဇာဂီနှင့် လမ်းခွဲခဲ့ပြီးနောက် ဆမ်ဒိုးရီးယားနည်းပြဖြစ်သူ မီဟိုင်းမီဟိုင်းလိုဗစ်အား အစားထိုးခန့်အပ်ခဲ့ပြီးနောက် ပြင်ဆင်မှုများပြုလုပ်ပေးခဲ့သော်လည်း စီးရီးအေပွဲစဉ် ၇ အပြီးတွင် အဆင့်  ၁၁ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

အီတလီမီဒီယာ Corriere dello Sport ၏ ဖော်ပြချက်တွင် အေစီမီလန်အသင်းတာဝန်ရှိသူများက နည်းပြမီဟိုင်းလိုဗစ်အား တိုရီနိုနှင့်ပွဲစဉ်တစ်ပွဲကိုသာ စောင့်ကြည့်ဖွယ်ရှိနေပြီး ရလဒ်မကောင်းခဲ့ပါက လမ်းခွဲရန် ပြင်ဆင်ထားကြောင်း၊ နည်းပြသစ်အဖြစ် အီတလီဝါရင့်နည်းပြလစ်ပီနှင့် လူငယ်အသင်းနည်းပြ ဘာရော့ချီတို့အား လျာထားကြောင်း အတိအကျဖော်ပြခဲ့သည်။

အေစီမီလန်အသင်းဥက္ကဋ္ဌ ဘာလူစကိုနီကမူ နည်းပြဟောင်းဖြစ်သူ အန်စလော့တီအား ပြန်လည်ခေါ်ယူရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း အန်စလော့တီကမူ အေစီမီလန်အသင်းအား ပြန်လည်ကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်တုံ့ပြန်ကာ ပယ်ချခဲ့သည်။

comments

error: Content is protected !!