အခွန်တိမ်းရှောင်မှုကြောင့် မက်ဆီ၏ဖခင် ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
181982337
၂၀၁၃ ခုနှစ်က တရားရုံးတွင် လာရောက်စစ်ဆေးခံခဲ့သည့် မက်ဆီ၏ဖခင်

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ဂ်ျမက်ဆီအနေဖြင့် ၂၀၀၇ မှ ၂၀၀၉ ကာလအတွင်း အခွန်တိမ်းရှောင်မှုများရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ထောင်ဒဏ် ၁၈ လနှင့် ဒဏ်ကြေးငွေ ယူရို ၂ သန်းပေးဆောင်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အစောပိုင်းတွင် ဂျော့ဂ်ျမက်ဆီအပါအ၀င် သားဖြစ်သူ လီယွန်နယ်မက်ဆီကိုပါ အခွန်တိမ်းရှောင်မှုအတွင်း ပါဝင်ခဲ့ကြောင်း စပိန် အာဏာပိုင်များမှ သံသယ၀င်ခဲ့ပြီး နောက်ပိုင်းစစ်ဆေးတွေ့ရှိမှုအရ မက်ဆီအနေဖြင့် စစ်ဆေးမှုမှလွတ်မြောက်ခဲ့သော်လည်း ၎င်း၏ဖခင်ဖြစ်သူမှာမူ အရေးယူခံရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

Forbes မဂ္ဂဇင်း၏ စစ်တမ်းများအရ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည့် မက်ဆီနှင့် ၎င်း၏ဖခင်ဖြစ်သူတို့မှာ စပွန်ဆာကုမ္ပဏီများမှ ရရှိသည့်ငွေကြေးများအတွက် အခွန်ငွေ ယူရို ၄ သန်းအထိ ပေးချေရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။

မက်ဆီအနေဖြင့် Pepsi, Adidas အစရှိသည့် စပွန်ဆာကုမ္ပဏီများမှ ငွေကြေးများ၊ ဘာစီလိုနာမှရရှိသည့် လစာငွေ၊ ဆုကြေးများ နှင့် ပုံရိပ်အသုံးပြုခအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၆၄.၇ သန်းအထိ ရရှိနေသူဖြစ်ကြောင်း သိရသည်။

comments

error: Content is protected !!