ချဲလ်ဆီးတွင် ဟာဇက်ပွဲထွက်ခွင့်နည်းပါးခြင်းက ဘယ်လ်ဂျီယံအတွက် အကျိုးဖြစ်စေသည်ဟု ဖခင်ဖြစ်သူပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490410098
ချဲလ်ဆီးလေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဟာဇက်

ကွင်းလယ်လူအေဒင်ဟာဇက်၏ ဖခင်ဖြစ်သူက ၎င်း၏သားမှာ ချဲလ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရခြင်းက ယူရို-၂၀၁၆ ပြိုင်ပွဲဝင်မည့် ဘယ်လ်ဂျီယံအသင်းအတွက် အကျိုးဖြစ်စေနိုင်သည်ဟု ပြောကြားလိုက်သည်။

အသက် ၂၄ နှစ်ရှိ အဆိုပါကွင်းလယ်လူနှင့်ပတ်သက်၍ ”အဆိုးထဲမှာလည်း အကောင်းရှိပါတယ်။ ချဲလ်ဆီးနဲ့ ပွဲထွက်ခွင့်နည်းမယ်ဆိုရင် ယူရိုပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအတွက် ပင်ပန်းမှုလျော့နည်းပါလိမ့်မယ်။ အခုအချိန်မှာတော့ သူကစားခွင့်ရဖို့ လိုပါတယ်။ ဒါမှ ယူရိုပြိုင်ပွဲမှာ ပါဝင်နိုင်မှာပါ။ ဟာဇက်ဟာ အသက် ၁၆ နှစ်လောက်ကတည်းက အသင်းကြီးမှာ ကစားခဲ့ရပါတယ်။ အခုဆိုရင် ၆ နှစ်တာကာလထဲ ရောက်လာပါပြီ။ သူဟာ အရန်ကစားသမားမဟုတ်ခဲ့သလို ဒဏ်ရာကြီးကြီးမားမားလည်း ရရှိဖူးတဲ့သူမဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းတွေးကြည့်ရင် အောင်မြင်မှုရရှိဖို့အတွက် နှစ်စဉ်နှစ်တိုင်း ဂိုးတွေအများအပြားသွင်းယူပေးနေပါတယ်”ဟု ဖခင်ဖြစ်သူသီယာရီဟာဇက်က ပြောကြားခဲ့သည်။

ဟာဇက်မှာ ယခုလ ၁၀ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် အန်ဒိုရာ၊ အစ္စရေးတို့နှင့် ယူရို-၂၀၁၆ ခြေစစ်ပွဲကစားရမည်ဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းနည်းပြ ၀ယ်လ်မို့စ်က ကွင်းလယ်ဖန်တီးရှင် ဒီဘရူနီကို ပံ့ပိုးပေးရမည့်ကစားသမားများနေရာတွင် ဟာဇက်နှင့် ချက်ဒလီတို့ကိုထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ ရလဒ်မကောင်းသည့် ချဲလ်ဆီးအသင်းတွင် ဝေဖန်မှုခံနေရသော နည်းပြမော်ရင်ညိုကို အသင်းမှ ထုတ်ပယ်မည်ဆိုပါက လျော်ကြေးငွေ ပေါင် ၃၇ သန်းပေးချေရမည်ဖြစ်ကြောင်း အင်္ဂလန်သတင်းများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!