ကြံ့ခိုင်မှုအသားပေးသည့် ပရီးမီးယားလိဂ်ကစားဟန်နှင့် အသားကျရန် ကြိုးစားနေရဆဲဟု ဒီပေး ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490982114
ဝုဖ်ဘတ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ကတွေ့ရသည့် ဒီပေး

မန်ယူအသင်းတောင်ပံကစားသမား ဒီပေးက ကြံ့ခိုင်မှုအသားပေးသည့် ပရီးမီးယားလိဂ်ကစားဟန်နှင့် အသားကျရန် ကြိုးစားကစားနေရသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ပေါင် ၂၅ သန်းဖြင့် ပီအက်စ်ဗီအသင်းမှ ပြောင်းရွှေ့ရောက်ရှိခဲ့သူ ဒီပေးမှာ လျင်မြန်မှုအသားပေးကစားနေသော်လည်း သိသိသာသာခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကစားပြီးချိန်တွင် ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

သို့သော် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေနိုင်သည့် အသက် ၂၁ နှစ်ရှိ ဒီပေးက လက်ရွေးစင်ဟော်လန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေချိန်တွင်”မန်ယူမှာ ကစားရမယ့်ပွဲတွေက အများကြီးပါပဲ။ နားချိန်နည်းနည်းပဲရသလို လေ့ကျင့်ခန်းဆင်းရမယ့်ရက်မှာလည်း ကြံ့ခိုင်မှုရဖို့ ပြင်ဆင်ထားရပါတယ်။ တစ်ပတ်မှာ ၂ ပွဲကစားရပြီး ပုံမှန်ခြေစွမ်းအမြဲရဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒီလိုပြိုင်ပွဲနဲ့ အသားကျဖို့ ကျွန်တော်လုပ်ရပါမယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဒီပေးက မန်ယူသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ၎င်းအတွက်မှန်ကန်သည့်လုပ်ရပ်ဟု ယုံကြည်ကြောင်းကို “ကျွန်တော့်ကစားသမားဘ၀ကို တစ်ဆင့်ချင်းသွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော့် အနေအထားက အခုအချိန်မှာ အလယ်အလတ်ပါပဲ။ ဒီကိုပြောင်းလာတာက မှန်ကန်သလို ကျွန်တော်လည်း ဒီအသင်းမှာ ပျော်နေပါတယ်။ ကျွန်တော့်ခြေစွမ်းလည်း တိုးတက်နေပါတယ်”ဟု ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!