လီဗာပူးကဲ့သို့ မန်ယူကျရှုံးမည်မဟုတ်ဟု ဒေးဗစ်ဘက်ခမ်း ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491536252
ဘက်ခမ်းအား အိုးထရက်ဖို့ဒ်ကွင်းတွင် ယမန်နေ့ကတွေ့ရစဉ်

မန်ယူအသင်းကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ယခုဘောလုံးရာသီတွင် ရလဒ်ဆိုးများနှင့်ကြုံတွေ့ခဲ့သော မဟာပြိုင်ဘက်လီဗာပူးကဲ့သို့ မန်ယူမှာ မည်သည့်အချိန်တွင်မှ ကျရှုံးမည့်အသင်းမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်သည်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဘက်ခမ်းက ”မန်ယူအသင်း ဘယ်တော့မှ ကျရှုံးမှာမဟုတ်သလို ဆုဖလားအောင်မြင်မှုနဲ့ပတ်သက်ပြီး ဘယ်တော့မှ ငြင်းခုန်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ မန်ယူမှာ သမိုင်းကောင်းတွေ အများကြီးရှိနေလို့ပါ။ ဒါက ငြင်းနေစရာမလိုပါဘူး။ ဒီကလပ်အကြောင်း ထဲထဲဝင်ဝင်သိလာတဲ့အချိန်ကျရင် အမှားအယွင်း နည်းနည်းလေးတောင် မြင်လာမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

လီဗာပူးအသင်းပိုင်ရှင်များသည် ဒေါ့မွန်နည်းပြယာဂင်ကလော့ပ်ကိုခေါ်ယူရန်ဆွေးနွေးလျက်ရှိကာ ယခုသီတင်းပတ်တွင် အပြီးသတ်ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်းသိရှိရပြီး ဂျာမနီသတင်းများအရ ယခုကြာသပတေးနေ့တွင် အန်ဖီးလ်ကွင်းသို့ အဆိုပါနည်းပြရောက်ရှိမည်ဟု သိရှိရသည်။

comments

error: Content is protected !!