လာမည့်ဘောလုံးရာသီအထိ နည်းပြလောကသို့ဝင်မည်မဟုတ်ဟု အန်စလော့တီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474365346
ရီးရဲလ်ကိုတာဝန်ယူစဉ်ကတွေ့ရသည့် အန်စလော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း အန်စလော့တီက နည်းပြလောကသို့ပြန်လည်မ၀င်ရောက်မီ ကာလရှည်အနားယူဦးမည်ဟု အတိအလင်းပြောကြားလိုက်သည်။

အဆိုပါအီတလီလူမျိုးနည်းပြသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရီးရဲလ်အသင်းမှထွက်ခွာခဲ့သူဖြစ်ပြီး ယခုအချိန်တွင် လီဗာပူးမှထုတ်ပယ်လိုက်သည့် နည်းပြရော့ဂျာနေရာတွင် အစားထိုးကိုင်တွယ်မည့်သူဟု ထင်ကြေးပေးခံထားရသော်လည်း ၎င်းက တစ်နှစ်ကျော်အနားယူရန်ပြင်ဆင်ထားသည်ဟု ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

အန်စလော့တီက ”အခုလိုနေရတာ ကျွန်တော်ပျော်တယ်။ ကျွန်တော်နည်းပြလောကထဲပြန်လာမှာပါ။ ဒါက ကျွန်တော့်အလုပ်ပဲလေ။ ကျွန်တော်အနားယူချင်သေးတယ်။ ဒါပေမဲ့ လာမယ့်နှစ်အတွက်တော့ အဆင့်သင့်ပါပဲ”ဟု ပြောကြားခဲ့သည်။

ထို့အပြင် အန်စလော့တီက ၂၀၁၃ ခုနှစ်၌ ရီးရဲလ်သို့မပြောင်းရွှေ့မီ ကိုင်တွယ်ခဲ့သော ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းသို့ နည်းပြအဖြစ်ပြန်လည်တာဝန်ယူရန်ရှိ၊ မရှိဆိုသည့် မေးခွန်းအပေါ် ”ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်နဲ့ ပီအက်စ်ဂျီအသင်းကြားမှာ အမှတ်ရစရာတွေအများကြီးပါ။ လူတိုင်းနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုစဉ်းစာရမှာက ပီအက်စ်ဂျီမှာ နည်းပြကောင်း လောရင့်ဘလန့်ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!