ဘာစီလိုနာကို နည်းပြအဖြစ်တာဝန်ယူလိုကြောင်း ဇာဗီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
479648240
ပြီးခဲ့သည့်ဇူလိုင်လက အပန်းဖြေခရီးတွင် ချစ်သူဖြစ်သူနှင့်အတူတွေ့ရသည့် ဇာဗီ

ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဇာဗီက နည်းပြအတွေ့အကြုံများပြည့်ဝခဲ့ပါက ဘာစီလိုနာအား တာဝန်ယူကိုင်တွယ်လိုကြောင်း၊ ကာတာလူငယ်အကယ်ဒမီတွင် နည်းပြအတွေ့အကြုံများရယူ၍ အသင်းဟောင်းဘာစီလိုနာအတွက် ပြန်လည်ပေးဆပ်ရန်အတွက်ပြင်ဆင်နေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ကွင်းလယ်ကစားသမားဇာဗီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ၁၇နှစ်ကြာ ကစားခဲ့သည့် ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့ကာ အာရှထိပ်သီးကလပ်အသင်းဖြစ်သည့် ကာတာကလပ် အယ်လ်ဆက်ဒ်အသင်းနှင့် ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။

“ပရော်ဖက်ရှင်နယ်နည်းပြအဖြစ် ရပ်တည်နိုင်ဖို့အတွက် လေ့လာသင်ယူရဦးမှာဖြစ်သလို ကာတာဘောလုံးအကယ်ဒမီကနေ အတွေ့အကြုံကောင်းတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။  အသင်းဟောင်းဘာစီလိုနာကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခွင့်ရဖို့အတွက် အတွေ့အကြုံတွေရှာဖွေရဦးမှာပါ” ဟု ဇာဗီက ဆိုခဲ့သည်။

နည်းပြအတွေ့အကြုံရရှိရန် ပြင်ဆင်နေသည့် ဇာဗီသည် ၂၀၁၅ ယူ-၁၉ အာရှချန်ပီယံအသင်းအား မွေးထုတ်ပေးခဲ့သည့် ကာတာအကယ်ဒမီတွင် နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူရန်ပြင်ဆင်နေသည်။

comments

error: Content is protected !!