ဆားဘီးယားနှင့် ခြေစစ်ပွဲအတွက် လုံခြုံရေးအင်အားတိုးမြှင့်ရန် အယ်လ်ဘေးနီးယား စီစဉ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
457226108
ယူရိုခြေစစ်ပွဲပထမအကျော့တွင် ၂ ဖက်ပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်၍ လုံခြုံရေးများဟန့်တားနေစဉ်

အယ်လ်ဘေးနီးယားတာဝန်ရှိသူများသည် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်အဖြစ် ဆားဘီးယားနှင့်ကစားမည့်ပွဲစဉ်တွင် ပရိသတ်များပြဿနာဖြစ်ပွားနိုင်သည့်အတွက် လုံခြုံရေးအင်အားတိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယူရိုခြေစစ်ပွဲပထမအကျော့တွင် ကွင်းအတွင်းသို့ အယ်လ်ဘေးနီးယားနိုင်ငံအလံ ချိတ်ဆွဲထားသည့် မောင်းသူမဲ့လေယာဉ်ဝင်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဖက်အသင်းသားများအကြား အချင်းများခဲ့ပြီး ပွဲပျက်ခဲ့ကာ ပရိသတ်များမှာလည်း ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပွဲပျက်ခဲ့သည့်အတွက် ဆားဘီးယားအသင်းမှာ အယ်လ်ဘေးနီးယားကို အိမ်ကွင်းတွင် ၀-၃ ဂိုးဖြင့် အရှုံးပေးခဲ့ရသဖြင့် ခြေစစ်ပွဲအောင်မြင်မည့်မျှော်လင့်ချက်ပါ ဆုံးရှုံးခဲ့ရသည်။

လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “နိုင်ငံရေးလှည့်ကွက်အတွင်းကို ပရိသတ်တွေနဲ့ အားကစားသမားတွေ မရောက်ရှိဖို့အတွက် လုံခြုံရေးကိုတိုးမြှင့်ဖို့ စီစဉ်နေတာပါ။ လက်ခံကျင်းပမယ့် ကစားကွင်းအပါအ၀င်၊ ပွဲကြည့်စင်တွေမှာပါ လုံခြုံရေးအင်အားကို အများဆုံးအသုံးပြုဖို့ ဆောင်ရွက်ထားပြီးပါပြီ။ အထူးသဖြင့် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀၀ အထိအသုံးပြုသွားမှာပါ ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

comments

error: Content is protected !!