ပေါ့ဘာမှာ အတွေ့အကြုံပိုင်း အားနည်းနေကြောင်း လက်ရွေးစင်နည်းပြဒက်ချမ့် သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491397120
ချန်ပီယံလိဂ်ပွဲစဉ်တွင်တွေ့ရသည့် ပေါ့ဘာ

ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်ချမ့်က ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းခံနေရသည့် ကွင်းလယ်လူပေါ့ဘာအနေ ဖြင့် အသက်အရွယ်ကြောင့် ပွဲအတွေ့အကြုံပိုင်းအားနည်းနေသေးကြောင်း၊ နိုင်ငံအသင်းအတွက်အားကိုးရမည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ပေါ့ဘာသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့တွင် စပိန်ထိပ်သီးဘာစီလိုနာသို့ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရရှိခဲ့ပြီဆိုသည့် သတင်းများကြောင့် ပြင်သစ်လက်ရွေးစင်နည်းပြဒက်ချမ့်က ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

“ဂျူဗင်တပ်ရဲ့ရလဒ်ပိုင်းကျဆင်းမှုနဲ့အတူ ပေါ့ဘာရဲ့စွမ်းဆောင်ရည်က လိုအပ်ချက်တွေရှိလာတယ်လို့ထင်ပါတယ်။ အထူးသဖြင့် ပေါ့ဘာအနေနဲ့ အသက်အရွယ်ပိုင်းအရ အတွေ့အကြုံတွေလိုအပ်နေဆဲပါ။ အခုအချိန်မှာ ထိပ်သီးအသင်းတစ်သင်းကို ပြောင်းရွှေ့မယ့်အစား ဂျူဗင်တပ်မှာပဲ ဆက်နေသင့်တယ်လို့ ထင်ပါတယ်”ဟု နည်းပြဒက်ချမ့်က ဆိုခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျူဗင်တပ်ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ဂျူဗင်တပ်နှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း   ဗီဒယ်လ်၊ ပီယာလိုအစရှိသည့် ကစားဖော်အချို့ အသင်းပြောင်းရွှေ့ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းပြန်လည်ရရှိရန် ရုန်းကန်ရလျက်ရှိနေသည်။

comments

error: Content is protected !!