မေဂျာလိဂ်တွင် ကစားသမားဘ၀အဆုံးသတ်မည်ဟု နာဆရီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487868608
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီကတွေ့ရသည့် နာဆရီ

မန်စီးတီးအသင်းကွင်းလယ်လူနာဆရီက ပရီးမီးယားလိဂ်ကစားသမားဘ၀ကုန်ဆုံးချိန်တွင် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲသို့ သွားရောက်ကစား၍ ကစားသမားဘ၀အဆုံးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်ကစားသမားဟောင်း နာဆရီမှာ ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မေဂျာလိဂ်သို့ သွားရောက်ကစားလိုသည်ဟု ဖွင့်ဟခဲ့ဖူးပြီး ယခုအချိန်တွင် နောက်တစ်ကြိမ်ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပြင်သစ်ကွင်းလယ်လူက ”ပရီးမီးယားလိဂ်ကိုကျွန်တော်နှစ်သက်သလို ကျွန်တော့်ဘ၀ကလည်း အင်္ဂလန်မှာရှိနေပါတယ်။ ဒါတွေပြီးဆုံးသွားရင်တော့ မေဂျာလိဂ်မှာ ကစားဖို့စဉ်းစားထားပါတယ်။ ကွဲပြားတဲ့အတွေ့အကြုံတွေ ရယူဖို့ဆန္ဒရှိပြီး အခြားတစ်ဖက်မှာလည်း ပြင်သစ်မှာ အခြေချဖို့စိတ်ကူး ရှိပါတယ်” ဟု ဖွင့်ဟခဲ့သည်။

အသက် ၂၈ နှစ်ရှိ နာဆရီမှာ ၂၀၁၁ခုနှစ်၊ သြဂုတ်လတွင် အာဆင်နယ်အသင်းမှ ပေါ ၂၅ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် Capital One ဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့သူဖြစ်သည်။

အဆိုပါကွင်းလယ်လူမှာ ၂၀၁၄ ခုနှစ်တွင် မန်စီးတီးအသင်းနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာကြောင့် ၂၉ ပွဲတွင် ၃ ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် ယခုနှစ်ဘောလုံးရာသီတွင် မန်စီးတီးအသင်း ၁၁ ပွဲကစားပြီးချိန်တွင် ၂ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပြီး ပွဲထွက်ကစားသမားဖြစ်ရန် ရုန်းကန်နေရသည်။

comments

error: Content is protected !!