ဆောက်သမ်တန်နှင့်ပွဲတွင် ဒိုင်များ ဘက်လိုက်သည်ဟု ပြောဆိုချက်ကြောင့် မော်ရင်ညို စွဲချက်တင်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491145188
မော်ရင်ဟိုအား ဆောက်သမ်တန်နှင့်ပွဲစဉ်တွင် တွေ့ရစဉ်

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၁-၃ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ချဲလ်ဆီးအသင်းမှာ ဒိုင်များ၏ဘက်လိုက်ခြင်း ခံခဲ့ရသည် ဟု မော်ရင်ညို၏စွပ်စွဲပြောဆိုချက်ကို အက်ဖ်အေက စွဲချက်တင်လိုက်ကြောင်း သိရှိရသည်။

ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုမှာ ရလဒ်ဆိုးများကြုံတွေ့နေရသဖြင့် အသင်းမှထုတ်ပယ်ခြင်းခံရမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယမန်နေ့တွင် ချဲလ်ဆီးအသင်းဝက်ဆိုက်မှ မော်ရင်ညိုနှင့် အသင်းကစားသမားများအပေါ်ယုံကြည်လျက်ရှိသည်ဟု တရားဝင်ကြေညာစာထုတ်ပြန်ခဲ့ပြီးနောက် အက်ဖ်အေ၏ စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။

ယခုဖြစ်ရပ်မှာ ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ချဲလ်ဆီးတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ ပင်နယ်တီဧရိယာအတွင်း ဆန်းဒါးလန်းဂိုးသမား စတီကီလန်ဘတ်နှင့် ထိခိုက်မိ၍ လဲကျသည်ကို ကွင်းလယ်ဒိုင်ရောဘတ် မက်ဒလေက ပြစ်ဒဏ်ဘော မပေးသည့်အပြင် ဟန်ဆောင်လှဲချသည်ဟု ဆိုကာ ဖယ်လ်ကာအိုကို အ၀ါကတ်ပြသခဲ့သည်။

ထိုဖြစ်ရပ်အပေါ် မော်ရင်ညိုက ဆန်းဒါးလန်းဘက်မှနေ၍ ဒိုင်များဘက်လိုက်ခဲ့သည်ဟု မီဒီယာများနှင့်တွေ့ဆုံမေးမြန်းမှုတွင် စွပ်စွဲပြောကြားခဲ့သည့်အတွက် အက်ဖ်အေက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အက်ဖ်အေ၏ စွဲဆိုချက်တွင် ”မော်ရင်ညိုမှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ စနေနေ့တွင် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲနှင့်ပတ်သက်၍ မီဒီယာများ ထံသို့ လက်မခံနိုင်သည့် ပြောဆိုချက်များဖြင့် စွပ်စွဲပြောကြားခဲ့သည်။ မော်ရင်ညိုဘက်မှ ၎င်းတို့အား မသင့်လျော်သည့်စွပ်စွဲချက်များ သို့တည်းမဟုတ် ပြိုင်ပွဲကျင်းပရေး အဖွဲ့မှ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဖွဲ့ဝင်အားလုံး ဘက်လိုက်ဆုံးဖြတ်သည်ဟု သွယ်ဝိုက်ပြောဆိုချက် သို့တည်းမဟုတ် အဆိုပါပွဲအပေါ် မကောင်းသတင်းကြေညာခြင်း တို့ဖြင့် စွပ်စွဲပြောဆိုခဲ့သည်။ ယခုစွဲချက်ကို မော်ရင်ညိုဘက်မှ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ ကြာသပေတေးနေ့ ညနေ ၆ နာရီနောက်ဆုံးထား၍ အကြောင်းပြန်ရမည်”ဟု ရေးသားဖော်ပြခဲ့သည်။

မော်ရင်ညိုမှာ ဆောက်သမ်တန်နှင့်ပွဲအပြီးတွင် “အားလုံးနဲ့ အတိုက်အခံဖြစ်လာပြီဆိုရင် ခင်ဗျားအနေနဲ့ ဒီလိုပဲတွေးမိမှာပါ။ ပထမအချက်အနေနဲ့ အသင်းတိုင်းက ကျွန်တော်တို့အပေါ် ပြစ်ဒဏ်ကျူးလွန်ဖို့ မကြောက်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကျူးလွန်တဲ့အချိန်တိုင်း ဒိုင်လူကြီးတွေက မျက်ကွယ်ပြုနေခဲ့တယ်။ အဲဒါကိုက သူအတွက် ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျုးလွန်ဖို့ မကြောက်တတ်တဲ့ယုံကြည်မှု ဖြစ်စေခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေကို ဧရိယာထဲမှာ သတိထားကစားဖို့ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကဖိအားမရှိဘဲကစားနိုင်တဲ့ အကြံအစည်ကို သိထားလို့ပါပဲ”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!