အာဆင်နယ်လူငယ်တိုက်စစ်မှူးအိုင်ဝိုဘီ အသင်းကြီးနှင့် ကာလရှည်စာချုပ်သစ်ချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490527210
လူငယ်ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် အိုင်ဝိုဘီ

အသက် ၁၉ နှစ်ရှိ အာဆင်နယ်လူငယ်တိုက်စစ်မှူးအိုင်ဝိုဘီမှာ လူငယ်အသင်းကစားသမားအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အသင်းကြီး၏ ယခုရာသီကြိုခြေစမ်းပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့သဖြင့် နည်းပြအာစင်ဝင်းဂါးက အခြားအသင်းများသို့ အငှားချရန်ဆန္ဒမရှိဘဲ ကာလရှည်စာချုပ်၍ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်း၏ ယခုရာသီကြိုခြေစမ်းပွဲများဖြစ်သော စင်ကာပူခရီးစဉ်တွင် အသင်းလူစာရင်း၌ အိုင်ဝိုဘီကိုထည့်သွင်းခဲ့ပြီး အမ်းမရိတ်စ်ဖလားပြိုင်ပွဲအဖြစ် လိုင်ယွန်နှင့်ကစားခဲ့သည့်ပွဲတွင်လည်း အသင်းကြီးအတွက် ပထမဆုံးသွင်းဂိုးရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အသင်းအကယ်ဒမီထွက် အဆိုပါလူငယ်အသင်းခေါင်းဆောင်ကို အငှားချရန်ဆန္ဒမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

အိုင်ဝိုဘီနှင့်ပတ်သက်၍ ၎င်း၏ ဖခင်ဖြစ်သူက ”အင်္ဂလန်မှာရှိတဲ့ ကလပ်အသင်းတွေထဲမှာ အိုင်ဝိုဘီကို အငှားနဲ့ခေါ်ယူချင်သူတွေရှိပါတယ်။ ဒါပေမဲ့ နည်းပြအာစင်ဝင်းဂါးက ရာသီကြိုပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့သူ့ကို အသင်းကြီးမှာ ခေါ်ယူကစားခိုင်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ အိုင်ဝိုဘီဘက်ကတော့ အသင်းကြီးမှာခြေစွမ်းပြနိုင်ဖို့အတွက် အငှားကစားသမားအဖြစ် တခြားအသင်းတွေမှာ သွားရောက်ကစားချင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!