မြန်မာ အသင်းနှင့် တီမော အသင်း ပွဲစဉ်များ အနိုင်ရ ခဲ့သင့်သည်ဟု ဟောင်ကောင်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
IMG_20150927_145912
ဟောင်ကောင်နည်းပြ ဂျင်မီနက်စ်ကို အုပ်စုတွင်း နည်းပြများ နှင့် အတူ တွေ့ရစဉ်။

နောက်ဆုံးပွဲတွင် အနိုင် ၃မှတ် ရယူနိုင်ခဲ့သည့် ဟောင်ကောင်နည်းပြ ဂျင်မီနက်စ်က မြန်မာနှင့် တီမော ပွဲစဉ်များတွင် မိမိတို့ အနိုင်ရသင့် ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဟောင်ကောင် ယူ-၁၉ ဘောလုံး အသင်းသည် AFC U-19 ခြေစစ်ပွဲ အုပ်စု (G) နောက်ဆုံးပွဲတွင် ဘရူနိုင်းအသင်း ကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း  ရမှတ် ၄မှတ်ဖြင့် ခြေစစ်ပွဲမှ လှည်ပြန်ခဲ့ရသည်။

ဂျင်မီနက်စ်က “နောက်ဆုံး ပွဲစဉ်မှာ အနိုင်နဲ့ အဆုံးသတ်ရလို့ ပျော်ရွှင်ရပါတယ်။ တီမောနဲ့ မြန်မာပွဲတွေမှာ အနိုင်ရခဲ့သင့်ပါတယ်။ ဒီအဆင့်နဲ့ ပဲကျေနပ်ခဲ့ရပေမယ့် အသင်း စွမ်းဆောင်ရည်ကို အားရပါတယ်” ဟု ပြောကြားခဲ့သည်။

ဘရူနိုင်းနည်းပြ ကွမ်အွန်ဆွန် ကမူ အိမ်ရှင် မြန်မာ အသင်း၏ ဧည့်ဝတ် ကျေပွန်မှုကို အလွန်ပင် ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ပွဲစဉ်အားလုံးကို ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ရှင်ဧည့်ဝတ် ကျေပွန်ခဲ့တဲ့ မြန်မာနိုင်ငံကို ကျေးဇူးတင်ပါတယ်။ တစ်ဦးချင်း စွမ်းရည်ကျ ဆင်းတာကြောင့်ရယ်၊ ပြင်ဆင်ချိန်နည်းခဲ့တာရယ်ကြောင့် ရလဒ်မကောင်းခဲ့ပါဘူး။ ဒီပွဲကနေ အသင်းအတွက် အရေးပါတဲ့ အတွေ့အကြုံတွေ့ ရလိုက်ပါတယ်” ဟု ဆိုခဲ့သည်။

အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု (G) တွင် ဘရူနိုင်း အသင်းသည် ပွဲစဉ် အားလုံး ရှုံးနိမ့်ခဲ့ပြီး ဟောင်ကောင်အသင်းသည် ၁ပွဲနိုင်၊ ၁ပွဲ သရေ၊ ၂ပွဲရှုံးဖြင့် ရမှတ် ၄မှတ်သာ ရရှိခဲ့သည်။

comments

error: Content is protected !!