ပေးဂိုးမရှိစွမ်းဆောင်ထားနိုင်ခဲ့ခြင်းမှာ ခံစစ်အသားပေးကစားပုံကြောင့် မဟုတ်ဟု ရီးရဲလ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490407888
မာလာဂါနှင့်ပွဲစဉ်က ဘင်နီတက်ဇ်ကိုတွေ့ရစဉ်

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က လာလီဂါပွဲစဉ်များတွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့်အပြင် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် စွမ်းဆောင်ထားနိုင်ခြင်းမှာ ခံစစ်အသားပေးကစားပုံကြောင့် မဟုတ်ကြောင်း၊ ခံစစ်တွင် ဘတ်စ်ကားတစ်စီးပိတ်ဆို့ထားသည့်အတိုင်း ကစားလေ့မရှိကြောင်း ဝေဖန်မှုများအပေါ် ပြန်လည်တုံ့ပြန်သွားခဲ့သည်။

လာလီဂါ အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေသည့် ရီးရဲလ်အသင်းသည်  ပွဲစဉ် ၇ ပြီးဆုံးချိန်အထိ ပေးဂိုး ၂ ဂိုးသာရှိခဲ့ခြင်းကြောင့် နည်းပြသစ်လက်ထက်၌ တိုက်စစ်ထက် ခံစစ်ကို ပိုမိုအသားပေးကစားလာကြောင်း ဝေဖန်မှုများအပေါ် နည်းပြဘင်နီတက်ဇ်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“ရီးရဲလ်အသင်းက ခံစစ်အသားပေးကစားနေတဲ့ အသင်းတစ်သင်းမဟုတ်ပါဘူး။ ကစားသမားကောင်းတွေရဲ့ စွမ်းဆောင်ရည်ကြောင့် အကောင်းဆုံးခံစစ်စုဖွဲ့မှုဖြစ်လာခဲ့တာပါ။ အထူးသဖြင့် ၀ါရင့်ဂိုးသမားကာဆီးလက်စ်နေရာကို လွှဲပြောင်းရယူခဲ့တဲ့ နာဗက်စ်ရဲ့ စွမ်းဆောင်နိုင်မှုကလည်း အဓိကနေရာက ပါဝင်ပါတယ်။ နာပိုလီအသင်းကို တာဝန်ယူခဲ့စဉ်ကထက် တိုက်စစ်ပိုကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်ချင်သလို တောင့်တင်းတဲ့လူစာရင်းနဲ့အတူ တခြားပြိုင်ဘက်အသင်းတွေထက် ပိုမိုသာလွန်တဲ့အသင်းတစ်သင်းဖြစ်ဖို့ ကြိုးစားပြင်ဆင်သွားမှာပါ”ဟု နည်းပြဘင်နီတက်ဇ်က ဆိုခဲ့သည်။

comments

error: Content is protected !!