ယခုတစ်ပတ်အတွင်း ကလော့ပ်အား နည်းပြသစ်ခန့်အပ်နိုင်ရန် လီဗာပူးမျှော်မှန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
BERLIN, GERMANY - May 30:  Head coach Juergen Klopp of Borussia Dortmund is saying goodbye to his fans after the final whistle during the DFB Cup Final match between Borussia Dortmund and VfL Wolfsburg at Olympiastadion on May 30, 2015 in Berlin, Germany.  (Photo by Alexandre Simoes/Borussia Dortmund/Getty Images)
လီဗာပူးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည့် ယာဂင်ကလော့ပ်အားတွေ့ရစဉ်။

လာမည့်သောကြာနေ့တွင်နည်းပြဘရန်ဒန်ရောဂျာ၏ နေရာကိုယာဂင်ကလော့ပ်နှင့်အစားထိုးခန့်အပ်နိုင်ရန် လီဗာပူးအသင်း မျှော်မှန်းထားကြောင်း ဘီဘီစီမှဖော်ပြသည့် သတင်းတစ်ရပ်အရသိရသည်။

လီဗာပူးအသင်းနည်းပြသစ်ဖြစ်လာရန် အန်ဆလော့တီထက် ယာဂင်ကလော့ပ်မှ ပိုမိုရေပန်းစားလျက်ရှိပြီး ယင်းဂျာမန်လူမျိုးနည်းပြမှာ လီဗာပူးအသင်းနည်းပြရာထူးအတွက် စိတ်ဝင်စားနိုင်ကြောင်း အဆိုပါသတင်း တစ်ရပ်တွင်ဆက်လက်ဖော်ပြထားသည်။

ယာဂင်ကလော့ပ်၏တာဝန်ရှိသူများနှင့် လီဗာပူးအသင်းတာဝန်ရှိသူများအကြား ဆွေးနွေးမှုမှာ တိုးတက်လာမှုရှိ နေပြီး လာမည့်အောက်တိုဘာ(၁၇)တွင် စပါးနှင့် ကစားမည့်ပွဲမတိုင်မီ စောလျင်စွာ နည်းပြခန့်အပ်နိုင်ရန် လီဗာပူးအသင်းမှ အလိုရှိနေသည်။

ထို့အပြင် ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းအက်ဖ်ဖင်ဘက်ဂ်က ကလော့ပ်အနေဖြင့် အသင်းတစ်သင်း အား မကြာမီအချိန်တွင် နည်းပြအဖြစ်ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး အန်ဖီးလ်အားရွေးချယ်လိမ့်မည်ဟု မိမိထင်မြင် မိကြောင်း သုံးသပ်ခဲ့သည်။

အက်ဖ်ဖင်ဘက်ဂ်သည်၁၉၉၀ကမ္ဘာ့ဖလားရရှိဖူးသူဖြစ်ကာ ဂျာမနီလက်ရွေးစင်အသင်းအတွက်၃၅ပွဲကိုယ်စားပြုကစားပေးခဲ့ပြီး ကလော့ပ်နှင့်မိတ်ဆွေကောင်းဖြစ်ကြောင်းသိရသည်။

comments

error: Content is protected !!