ချန်ပီယံလိဂ်ကစားရန် နယူးကာဆယ်မှ ထွက်ခွာလိုသည်ဟု ဆစ်ဆိုကို ထပ်မံပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491127966
မန်စီးတီးနှင့်ပွဲစဉ်တွင် ဆစ်ဆိုကိုအား တွေ့ရစဉ်

နယူးကာဆယ်အသင်းကွင်းလယ်လူ ဆစ်ဆိုကိုက မန်စီးတီးကို ၆-၁ ဂိုးဖြင့်အရေးနိမ့်သည့် ပွဲအပြီးတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကစားလို၍ နယူးကာဆယ်အသင်းမှ ထွက်ခွာလိုကြောင်း ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်ရှိ အဆိုပါကွင်းလယ်လူသည် ၂၀၁၃ ခုနှစ်တွင် တူလော့အသင်းမှပြောင်းရွှေ့၍ နယူးကာဆယ်အသင်းသို့ရောက်ရှိခဲ့သူဖြစ်ပြီး ၈၃ ပွဲတွင် ၁၀ ဂိုးသွင်းယူပေးထားသူဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ဥရောပအသင်းကြီးများသို့ ပြောင်းရွှေ့ကစားလိုသည်ဟု အစောပိုင်းကာလတွင်လည်း ဖွင့်ဟထားသူဖြစ်သည်။

ပြင်သစ်လက်ရွေးစင်ဆစ်ဆိုကိုက ”ကျွန်တော့်မျှော်လင့်ချက်က တစ်နေ့မှာ ချန်ပီယံလိဂ်ကစားဖို့ပါပဲ။ အခုနွေရာသီအပြောင်းအရွှေ့တုန်းကလည်း နယူးကာဆယ်ဘက်က ကျွန်တော့်ကို မထွက်ဖို့ တားခဲ့ပါတယ်။ စာချုပ်သက်တမ်းကုန်တဲ့အထိတော့ ကစားမှာပါ။ လုပ်စရာတွေကို တွေးဖို့ကအများကြီးပါပဲ။ ကျွန်တော့်အေးဂျင့်နဲ့ အပြောင်းအရွှေ့ကိစ္စတွေလုပ်ဖို့ သဘောတူထားပါတယ်။ နယူးကာဆယ်ရဲ့ လက်ရှိအနေအထားက မှန်ကန်တဲ့ရပ်တည်မှု မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ”ဟု ပြောကြားခဲ့သည်။

ဆစ်ဆိုကို၏ သဘောထားနှင့်ပတ်သက်၍ နယူးကာဆယ်နည်းပြမက္ကလာရင်က ”သူက တကယ့်ကို ရည်မှန်းချက်ကြီးတဲ့သူပါ။ လူတိုင်းမှာ ရည်မှန်းချက်ဆိုတာရှိတယ်။ ကျွန်တော်ဘက်က လက်ရှိအနေအထားကို တောင်းပန်ချင်တယ်။ ဒါပေမဲ့ ကစားသမားတွေအနေနဲ့ ပွဲတိုင်းမှာ ပုံမှန်ခြေစွမ်းပြနေရမယ်။ ဒါကို သူလည်း သိပြီးသားပါ။ ကျွန်တော် သူနဲ့ အကြိမ်ကြိမ်စကားပြောဖူးပါတယ်။ ပုံမှန်ခြေစွမ်းရနေမယ်ဆိုရင် ရည်မှန်းတဲ့နေရာရောက်အောင် သူလုပ်နိုင်မယ်လို့ ကျွန်တော်ပြောရဲတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!